ရှေ့သို့
Image

အုပ်စု ပွဲစဉ် (၅) မှာ ဒေါ့မွန်အသင်းကို အရေးနိမ့်လိုက်ရတဲ့ ခံစားချက်ကို ထုတ်ပြောလာတဲ့ ပူလီဆစ်

2:00 PM, 29 November

ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ရေးအတွက် အရေးပါတဲ့ ဒေါ့မွန်အသင်းနဲ့ အေစီမီလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အုပ်စုပွဲစဉ် (၅) တွင် ဒေါ့မွန်အသင်းက ၃ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ဂျာမန်ကလပ်အသင်းတွင် ကျင်လည်ခဲ့ဖူးတဲ့ အေစီမီလန်အသင်းရဲ့ အမေရိကန်တိုက်စစ်ကစားသမား ပူလီဆစ်က ကံတရားက မျက်နှာသာမပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အုပ်စု ၄ ပွဲကစားပြီးချိန်တွင် ရမှတ် ၅ မှတ်သာ စုဆောင်းထားနိုင်တာကြောင့် အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ရန် အကြပ်အတည်းဖြစ်လာတဲ့ အေစီမီလန်အသင်းက ဒေါ့မွန်အသင်းကို အကောင်းဆုံးယှဉ်ပြိုင်ကစားရန်အတွက် အဓိက ကစားသမားအချို့ကို အသုံးပြုကာ ပြင်ဆင်လာပြီး ဝါရင့်ကစားသမား မာကိုရူးစ်ရဲ့ ဦးဆောင်ဂိုးကို ချူကွေဇီက ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပေမဲ့ ဒေါ့မွန်အသင်းရဲ့ ဦးဆောင်ဂိုး ၂ဂိုး အား ထပ်မံခွင့်ပြုခဲ့ရကာ ပွဲပြီးချိန်မှာ ရမှတ်လေလွင့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းနဲ့ပွဲမှာ အရေးနိမ့်ခဲ့ရတာကြောင့် အေစီမီလန်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ရေး အခက်အခဲဖြစ်လာပြီး ပုံစံကောင်းပြနေတဲ့ နယူးကာဆယ်အသင်းကို အသာရရန် လိုအပ်နေသလို အခြားတစ်ဖက်တွင်လည်း ဒေါ့မွန်အသင်းက ပီအက်စ်ဂျီအသင်းကို အနိုင်ရရန် လိုအပ်လာတာလည်း ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းနဲ့ ကစားခဲ့တဲ့ အုပ်စုပွဲစဉ်နဲ့ ပတ်သက်လို့ အမေရိကန်စတား ပူလီဆစ်က“ကံမကောင်းခဲ့တာ မြင်သာလွန်းပါတယ်။ ဒေါ့မွန်အသင်းက ၁ဂိုးသွင်းကာ ဦးဆောင်လိုက်ချိန်မှာ ကျွန်တော်တို့ဘက်မှ ချေပဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့အသင်းကလည်း တရဆက်ဖိအားပေးကစားနေခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ကစားပုံကလည်း  အတိုင်းအတာတစ်ခုအထိ ကောင်းနေခဲ့တာကြောင့် အပြုသဘောဆောင်တဲ့ အရာတွေ မြင်ခဲ့ရပါတယ်။ အုပ်စုပိတ်ပွဲစဉ်ရောက်ရင် အနိုင်ရရေးအတွက် ကြိုးစားသွားမှာပါ”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#အေစီမီလန် #ဒေါ့မွန် #ပူလီဆစ် #ချန်ပီယံလိဂ်