ရှေ့သို့
Image

မေဂျာလိဂ်သို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှုး ဆွာရက်ဇ်

11:25 AM, 11 December

လူးဝစ်ဆွာရက်ဇ်ဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး လီယွန်နယ်မက်ဆီနှင့် ဆွေးနွေးခဲ့ကာ အင်တာမိုင်ယာမီဟာ ဖြစ်နိုင်ချေများထဲမှ တစ်ခု ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဝါရင့်ဥရုဂွေးတိုက်စစ်မှုးဟာ ဘရာဇီးကလပ် ဂရီမီယိုကနေ ထွက်ခွာခဲ့ပြီးနောက် Free Agent ဖြစ်နေတာပါ။ သူဟာ တောင်အမေရိကတွင် ဆက်လက်ခြေစွမ်းပြသလျက် ရှိသော်လည်း ဒူးဒဏ်ရာကို ကုသမှုခံယူထားရကာ သူ့ရဲ့ကစားသမားဘဝကလည်း အနားယူဖို့ နီးကပ်နေတာလည်းဖြစ်ပါတယ်။ အမေရိကတွင် နောက်ထပ်စိန်ခေါ်မှုတစ်ခု အတွက် ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီနဲ့အတူကစားဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

အမေရိကတွင် မက်ဆီနှင့် လက်တွဲကစားမှာလားလို့ မေးရာတွင် Teledoce သို့ ဆွာရက်ဇ်က "ပြောနိုင်တာတွေက အများကြီးပါ၊ အသင်းတော်တော်များများက ရှိနေပြီး ကျွန်တော်တို့က အဲ့ဒါတွေနဲ့ ပတ်သက်နေမှာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိတာတွေကို သိနိုင်ဖို့ ကျွန်တော့်ရှေ့နေနဲ့ ဆွေးနွေးရမှာပါ" "Brasileirao မပြီးခင်အချိန်အထိ ကျွန်တော် ဘာမှ မသိချင်သေးပါဘူး။ အင်တာမိုင်ယာမီက ဖြစ်နိုင်ခြေများပါတယ်။ ကျွန်တော့်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက်နဲ့ သူငယ်ချင်းကောင်းတစ်ယောက် ရှိပြီး ကျွန်တော်တို့တွေက အနာဂတ်အကြောင်း အမြဲပြောဖြစ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော် အနားယူပြီး ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေပါသေးတယ်"လို့ ပြောပါတယ်။

ဂရီမီယိုမှာ ၁ နှစ်တာကစားခြင်း ပြီးဆုံးပြီးနောက် MLS သို့ သွားရောက်မယ့်အပေါ် သက် ၃၆ နှစ်အရွယ် လီဗာပူးနှင့် အေဂျက်စ်ကစားသမားဟောင်း မေးတဲ့အခါ "၁၂ လ တာကစားခဲ့ပြီးနောက် အခုတော့ နည်းနည်းအနားယူဖို့ အချိန်ရောက်ပါပြီ။ အခု ကျွန်တော်လိုချင်တာက ကျွန်တော့် သားသမီးတွေနဲ့ ဇနီးသည်တို့ကို အချိန်ပေးတာပါပဲ။ ကျွန်တော်တို့ အရမ်းအလုပ်များတဲ့ နှစ်တစ်နှစ်ရှိခဲ့ပါတယ်။ သူတို့နဲ့ ထိုက်တန်ပါတယ်၊ ကျွန်တော်ကလည်း သူတို့နဲ့ အတူရှိဖို့ လိုပါတယ်။ ခရီးများထွက်ဖို့နှင့် ကတိကဝတ်ပေးထားတွေလည်း များစွာရှိနေပါတယ်" လို့ ပြောပါတယ်။

ဆွာရက်ဇ်သည် ဂရီမီယိုအတွက် ၅၄ ပွဲကစား ၂၉ ဂိုး သွင်းထားကာ ဂိုးသွင်းယူနိုင်သေးကြောင်း သက်သေပြသထားတာဖြစ်ပါတယ်။ မက်ဆီနှင့် အသင်းဖော်တွေဟာ ၂၀၂၄ ခုနှစ်တွင် ကြီးကြီးမားမားအောင်မြင်မှုများ ရရှိရန် ရည်မှန်းထားတာကြောင့် အင်တာမီယာမီဟာ ဒီလိုအရည်အချင်းရှိတဲ့ သူကို ခေါ်ယူဖို့အတွက် အဆင့်သင့်ဖြစ်နေတာဖြစ်ပါတယ်။

#အပြောင်းအရွှေ့ #မက်ဆီ #ဆွာရက်ဇ် #ဥရုဂွေး