ရှေ့သို့
Image

ယူနိုက်တက်စတား ၂ ဦးကို ဆက်ထိန်းထားဖို့ ပြင်ဆင်နေတဲ့ တန်ဟက်

1:05 PM, 21 December

သတင်းတွေအရ ယူနိုက်တက်နည်းပြ တန်ဟက်ဟာ ကက်စ်မဲရိုးနဲ့ ဗာရာနီတို့ ၂ ဦးကို ဆက်ထိန်းထားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဆိုပါကစားသမား ၂ ဦးစလုံးဟာ ဇန်နဝါရီမှာ ထွက်ခွာနိုင်ချေရှိတယ်လို့ သိရပြီး ဆော်ဒီလိဂ်ကိုလည်း ပြောင်းရွှေ့ဖို့လည်း သတင်းကြီးနေပါတယ်။ တန်ဟက်ကိုင်တွယ်တဲ့ ပထမ ၁၈ လအတွင်းမှာ ယူနိုက်တက်ဟာ ပေါင်သန်း ၄၀၀ နီးပါး အသုံးပြုခဲ့ပြီး အခုလာမယ့်အပြောင်းအရွှေ့မှာ မလိုအပ်တော့တဲ့ ကစားသမားတွေကို ရောင်းထုတ်ကာ ဝင်ငွေရှာဖွေဖို့ ပြင်ဆင်နေပါတယ်။

နယ်သာလန်သားဟာ အသင်းလူစာရင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၇ နဲ့ ဥရောပပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်ရောင်းထုတ်မယ့် ကစားသမားတွေထဲမှာ ကက်စ်မဲရိုးနဲ့ ဗာရာနီတို့ ပါဝင်နေပြီး ၂ ဦးစလုံးဟာ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ပေါင်၉၆ သန်းနဲ့ ရီးရဲလ်ထံကနေ ပြောင်းလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက သူတို့ ၂ ဦးစလုံးဟာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းကျဆင်းလာခဲ့ကာ ကက်စ်မဲရိုးက ဒဏ်ရာရပြီးကတည်းက ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဗာရာနီကလည်း ဒီရာသီယူနိုက်တက်အသင်း အတွက် လိဂ်ပွဲ ၁၇ ပွဲမှာ ၅ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး တန်ဟက်က အီဗန်နဲ့ မက်ဂွါရီတို့အတွဲကိုသာ အသုံးပြုနေတာဖြစ်ပါတယ်။

ပြင်သစ်သားရဲ့စာချုပ်သက်တမ်းက ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားက ဆက်နေဖွယ်ရှိနေကာ ကက်စ်မဲရိုးကိုတော့ ဆော်ဒီမြေက ချိတ်ဆက်နေပါတယ်။ ဒါပေမယ့် နောက်ထပ်သတင်းတွေအရ တန်ဟက်ဟာ သူတို့ ၂ ဦးစလုံးကို အသင်းမှာဆက်ထိန်းထားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အခြားတစ်ဖက်မှာတော့ ယူနိုက်တက်ဟာ အစားထိုးမယ့် ကစားသမား ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင် သူတို့ ၂ ဦးစလုံးကို ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ရောင်းချမယ့်ကစားသမားတွေထဲမှာ ဆန်ချို နဲ့ မာရှယ်တို့အပြင် ဗန်ဒီဘိခ်လည်း ပါဝင်နေပါတယ်။

လာမယ့်စနေနေ့မှာ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းအသင်းနဲ့အဝေးကွင်းပွဲကန်ရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗာရာနီ #ကက်စ်မဲရိုး #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်