ရှေ့သို့
Image

မက်ဆီရှိရာ အင်တာမီယာမီသို့ ပြောင်းရွှေ့လာပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှုး ဆွာရက်ဇ်

11:21 AM, 23 December

ဥရုဂွေးတိုက်စစ်မှုးဟာ အင်တာမီယာမီသို့ အပြီးသတ်ပြောင်းရွှေ့လာပြီဖြစ်ပြီး ဘာစီလိုနာအသင်းဖော်ဟောင်းဖြစ်တဲ့ မက်ဆီနှင့်အတူ MLS ကလပ်မှာ ပူးပေါင်းတော့မှာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ဆွာရက်ဇ်ဟာ ဂရီမီယိုကနေထွက်ခွာခဲ့ပြိးနောက် အင်တာမီယာမီသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်လာတာဖြစ်ပြီး ဘရာဇီးကလပ်မှာ ပြီးခဲ့တဲ့ရာသီတွင် ၅၃ ပွဲကစားခဲ့ပြီး ၂၆ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ လိဂ်ဂိုး ၁၇ ဂိုးကြောင့် ဂရီမီယိုကို ဘရာဇီးစီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၂‌ နေရာတွင် ရပ်တည်စေခဲ့ပြီး လိဂ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွှေဘောလုံးဆုကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီနှင့် ၁ နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုထားပြီး ၂၀၂၄ ရာသီကုန်အထိ အသင်းမှာရှိနေမှာဖြစ်ပါတယ်။

"အမေရိကန်ရဲ့ အမြင့်ဆုံးပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နိုင်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို စည်းရုံးခေါ်ယူမယ်လို့ ပရိသတ်တွေကို ကျွန်တော်တို့က ကတိပေးထားပါတယ်" "ဘရာဇီးရဲ့အကောင်းဆုံးရာသီကနေ ထွက်လာခဲ့ပြီးနောက် ဆွာရက်ဇ်က ကျွန်တော်တို့အသင်းရဲ့ အဓိက ခေါ်ယူမှုဖြစ်လာမှာပါ။ ကျွန်တော်တို့က ရည်မှန်းချက်ကြီးမားပြီး လွတ်လပ်စွာ စိတ်ကူးယဉ်နိုင်ဖို့ အမြဲတမ်းကြိုးစားသွားမှာပါ" လို့ ဂျော့ချ်မက်စ်က လကပ်ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဂရီမီယိုနှင့် ၂ နှစ် စာချုပ် ချုပ်ဆိုမှုကို ဖျက်သိမ်းကာ အင်တာမီယာမီသို့ ပြောင်းလာခဲ့ပြီးနောက် ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဂျော်ဒီအယ်လ်ဘာ၊ ဘက်စ်ကွက်စ်တို့နှင့် ပြန်လည်တွေ့ဆုံရမှာဖြစ်ပါတယ်။ သူတို့ ၄ ဦးဟာ ဘာစီလိုနာမှာ ၂၀၁၄ မှ ၂၀၂၀ အထိ ၆ ရာသီကြာ အတူကစားခဲ့ကြပြီး လာလီဂါဖလား ၄ ကြိမ်နှင့် ချန်ပီယံလိဂ် ၁ ကြိမ် ရရှိခဲ့ကြတာဖြစ်ပါတယ်။

"အင်တာမီယာမီနှင့်အတူ စိန်ခေါ်မှုအသစ်ကို စတင်နိုင်တဲ့အတွက် ကျွန်‌တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ စတင်ဖို့အတွက် မစောင့်နိုင်တော့ဘဲ ကြီးကျယ်ခမ်းနားတဲ့ ကလပ်နှင့်အတူ ဆုဖလားတွေ အများကြီးရရှိဖို့ အဆင့်သင့်ဖြစ်နေပါပြီ" "အင်တာမိုင်ယာမီအသင်းရဲ့ အင်္ကျီကို ဝတ်ဆင်ထားတဲ့အချိန်တိုင်း ပရိသတ်တွေ အတွက် အားလုံးပေးဆပ်ပြီး ကစားသွားမှာဖြစ်ကာ အသင်းဖော်ဟောင်းတွေနဲ့လည်း ပြန်လည်တွေ့ဆုံဖို့လည်း စောင့်မျှော်နေပါတယ်။ အသင်းဖော်သစ်တွေ၊ နည်းပြတွေနဲ့ တွေ့ဆုံဖို့ စိတ်အားထက်သန်နေပါတယ်" လို့ ဆွာရက်ဇ်က ပြောပါတယ်။

#မက်ဆီ #ဆွာရက်ဇ် #ဥရုဂွေး #အင်တာမီယာမီ