ရှေ့သို့
Image

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ စီးတီးစတား အယ်လ်ဗာရက်ဇ်

10:52 AM, 26 December

မန်စီးတီးတိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်တစ်ယောက် ကမ္ဘာ့ဘောလုံးလောကရဲ့အထွန်းတောက်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာပြီးနောက် စပိန်အသင်းကြီး ၂ သင်းဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၂၃ နှစ်သားဟာ ရေးဗားပလိတ်အသင်းမှာ ဆုဖလားတွေရယူနိုင်ခဲ့တဲ့အပြင် စီးတီးမှာလည်း ဆက်လက်ပြီး ဆုဖလားအောင်မြင်မှုတွေရယူနေတာဖြစ်ပါတယ်။ အာဂျင်တီးနားမြေမှာ အယ်လ်ဗာရက်ဇ်ဟာ ကိုပါအာဂျင်တီးနား ၊ စူပါကိုပါအာဂျင်တီးနား ၊ ကမ်ပီဝမ်းစ် ၊ ကိုပါလီဘာတေးဒို ၊ ပရီးမီးယားလိဂ် ၊ အက်ဖ်အေ ၊ ချန်ပီယံလိဂ် ၊ စူပါဖလား ၊ ကလပ်ကမ္ဘာ့ဖလားအစရှိတဲ့ ဖလားတော်တော်များများကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းမပါဝင်နိုင်တဲ့အချိန်မှာလည်း အယ်လ်ဗာရက်ဇ်က ဂွါဒီယိုလာရဲ့မရှိမဖြစ်ကစားသမားအဖြစ် အရေးကြီးတာဖြစ်ပါတယ်။ စပိန်အသင်း ၂ သင်းက စိတ်ဝင်စားနေချိန်မှာ အယ်လ်ဗာရက်ဇ်က အခုလိုပြောကြားခဲ့ပါတယ်။

“အမှန်တရားက ကျွန်တော် စီးတီးမှာ အရမ်းပျော်နေပါတယ်။ ကျွန်တော်အသင်းမှာ ၁ နှစ်ကျော်လောက်ရှိနေပြီးပါပြီ။
ဒီမှာ အောင်မြင်မှုရတဲ့ အရာတွေနဲ့အတူ ပျော်ရွှင်မိပါတယ်။ အခုကျွန်တော်တို့ ပစ်မှတ်က အရာအားလုံးကို နောက်တစ်ကြိမ်ရယူနိုင်ဖို့ပါ”လို့ အယ်လ်ဗာရက်ဇ်က ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာကတော့ ဘဏ္ဍာရေးအခြေအနေကြောင့် ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ပေမယ့် ရီးရဲလ်ကတော့ ခေါ်ယူနိုင်တဲ့အနေအထားရှိတာဖြစ်ပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #ရီးရဲလ်မက်ဒရစ် #အယ်လ်ဗာရက် #ပရီးမီးယားလိဂ်