ရှေ့သို့
Image

ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ကန်ဆယ်လိုကို အပြီးသတ်ခေါ်ယူနိုင်ဖို့ မသေချာသေးတဲ့ ဘာစီလိုနာ

11:22 AM, 26 December

ဘာစီလိုနာဟာ မန်စီးတီးမှ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ဂျိုအိုကန်ဆယ်လိုကို အပြီးသတ်ခေါ်ယူလိုသော်လည်း ကစားသမားရဲ့ တန်ကြေးဟာ ပေါင် ၂၆ သန်းခန့် ရှိနေတဲ့အပြင် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေဟာလည်း ချို့တဲ့နေတာကြောင့် မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်မှာ ဘာစီလိုနာဟာ ကန်ဆယ်လိုကို အငှားနဲ့ခေါ်ယူခဲ့ပြီး ယခုအခါမှာတော့ ပေါ်တူဂီလက်ရွေးစင် ကစားသမားဟာ အသင်းမှာခြေစွမ်းပြကစားနေပြီး ပွဲတိုင်းလိုလိုမှာပါဝင်ခွင့်ရနေတာ ဖြစ်ပါတယ်။ လက်ရှိလာလီဂါ ချန်ပီယံတွေဟာ ကန်ဆန်လိုကို အပြီးသတ်ခေါ်ယူဖို့ စိတ်အားထက်သန်နေသော်လည်း ကစားသမားရဲ့တန်ကြေးက အတားအဆီးဖြစ်နေပါတယ်။

မန်စီးတီးက ဇာဗီရဲ့အသင်း အနေနဲ့ ကစားသမားကို အပြီးသတ်ခေါ်ယူမယ်ဆိုပါက ပေါင် ၂၆ သန်းအထိပေးချေရမယ်လို့ တန်ကြေးသတ်မှတ်ထားတာဖြစ်ပါတယ်။ ဘာစီလိုနာကတော့ ကန်ဆယ်လိုကို အသင်းမှာ အပြီးအပိုင်ထားဖို့ ဆန္ဒရှိနေသော်လည်း ကလပ်ရဲ့ ဘဏ္ဍာရေးအခြေအနေက အကန့်အသတ်နဲ့ ရှိနေတာကြောင့် အခက်ကြုံနေတာဖြစ်ပါတယ်။

သို့သော် မကြာသေးမီကတော့ အသင်းရဲ့ဥက္ကဌ လာပေါ်တေးက ပေါ်တူဂီသားကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ဖြေရှင်းနည်းများကို လုပ်ဆောင်နေပြီလို့ပြောကြားထားပါတယ်။ ကစားသမားရဲ့ ကိုယ်စားလှယ်နဲ့ သက်ဆိုင်ရာကလပ်ရဲ့ အရာရှိတွေနဲ့ ဆွေးနွေးမှုမျာ စတင်နေပြီလို့ဆိုပါတယ်။

အယ်လ်မီရီယာကို ကျဉ်းမြောင်းတဲ့ရလဒ်အဖြစ် ၃-၂ နဲ့အနိုင်ရရှိထားတဲ့ ဘာစီလိုနာဟာ ယခုအခါမှာတော့ ဆောင်းရာသီအားလပ်ရပ်ကိုဖြတ်ကျော်နေပြီး လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ လာလီဂါပွဲစဉ်အဖြစ် လက်စ်ပါးမက်စ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကန်ဆယ်လို