ရှေ့သို့
Image

အာရှဖလားပြိုင်ပွဲကြောင့် တော့တင်ဟမ်အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်မယ့် ဆွန်ဟောင်မင်

11:09 AM, 30 December

တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ တော့တင်ဟမ်ရဲ့ ယခုနှစ်နောက်ဆုံးပွဲစဉ်အဖြစ် တနင်္ဂနွေနေ့ ဘုန်းမောက်နှင့်ပွဲမှာ ကစားမယ်လို့ ထင်ရပါတယ်။

အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ဇန်နဝါရီ ၂ ရက်တွင် အဘူဒါဘီရှိ လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးစခန်း၌ တောင်ကိုရီးယားအသင်းဖော်များနှင့် တွေ့ဆုံမှာဖြစ်ပါတယ်။ တောင်ကိုရီးယားအသင်းဟာ အာရှဖလားအုပ်စုအဆင့် ပွဲစဉ်တွေကို ဇန်နဝါရီ ၁၅ ရက်မှာ ဘာရိန်းအသင်းနဲ့ စတင်မှာဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်မှာ ဂျော်ဒန်အသင်းနဲ့ ဇန်နဝါရီ ၂၅ ရက်မှာ မလေးရှားအသင်းတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ကလင်စမန်းရဲ့ အသင်းဟာ အုပ်စုတက်ပါက ဇယားတွင် ရပ်တည်တဲ့နေရာပေါ်မူတည်၍ ၁၆ သင်းအဆင့် ပွဲစဉ်များကို ဇန်နဝါရီ ၃၀ သို့မဟုတ် ၃၁ ရက်တွင် ကစားရမှာဖြစ်ပါတယ်။ အာရှဖလားကွာတားဖိုင်နယ်ပွဲစဉ်များကို ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်တို့တွင် ကျင်းပမှဖြစ်ပါတယ်။

ဗိုလ်လုပွဲကို ကာတာရှိ လူဆေးအားကစားကွင်း၌ ကျင်းပမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပရန် စီစဉ်ထားပါတယ်။ အကယ်၍ တောင်ကိုရီးယားဟာ ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်အထိရောက်ခဲ့ပါက ဆွန်ဟာ တော့တင်ဟမ်အတွက် ပရီးမီးယားလိဂ်နှင့် အက်ဖ်အေဖလားတို့တွင်  ၆ ပွဲအထိ လွဲချော်မှာဖြစ်ပါတယ်။

တော့တင်ဟမ်ဟာ နှစ်သစ်ကူးအကြိုမှာ ဘုန်းမောက်နဲ့ ကစားပြီးနောက် ဇန်နဝါရီ ၅ ရက်နေ့မှာ အက်ဖ်အေဖလား တတိယအကျော့အဖြစ် ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ အကယ်၍ တော့တင်ဟမ်ဟာ ကွန်ပနီရဲ့အသင်းကို အနိုင်ရပါက ဆွန်ဟာ ဇန်နဝါရီ ၂၇ ရက်တွင် ကစားမယ့် စတုတ္ထအကျော့ပွဲစဉ်ကိုလည်း လွဲချော်မှာပါ။

ဆွန်ဟာ ဇန်နဝါရီ ၁၄ ရက်မှာ ယူနိုက်တက်သို့ သွားရောက်ကစားမယ့် ခရီးစဉ်အပါအဝင် ပရီးမီးယားလိဂ် ၄ ပွဲအထိ လွဲချော်မှာဖြစ်ပါတယ်။ ပြိုင်ပွဲတွင် တောင်ကိုးရီးယားအသင်းရဲ့ တိုးတက်မှုအပေါ် မူတည်ပြီး ဘရန့်ဖို့ဒ်၊ အဲဗာတန်နှင့် ဘရိုက်တန်တို့နှင့်ပွဲမှာလည်း ဆွန်ကို လက်လွှတ်ထားရမှာဖြစ်ပါတယ်။

#တော့တင်ဟမ် #ဆွန်ဟောင်မင် #ပရီးမီးယားလိဂ်