ရှေ့သို့
Image

စပိန်စူပါဖလားပြိုင်ပွဲအတွက် အခွင့်အရေးရှိနေဆဲ ကန်ဆယ်လို

10:21 AM, 7 January

လက်စ်ပါးမားနဲ့ရင်ဆိုင်ရတဲ့ လာလီဂါပွဲစဉ်မှာ ပြင်းထန်ဒူးဒဏ်ရာရရှိခဲ့ဖွယ်ရှိတဲ့ ကန်ဆယ်လိုက အချိန်တိုအတွင်း ပြန်လည်သက်သာလာပြီဖြစ်လို့ ဘာစီလိုနာအနေဖြင့် ဒဏ်ရာပြဿနာအကျပ်အတည်းတစ်ခုနဲ့ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ 


ပေါ်တူဂီလက်ရွေးစင်ကစားသမားက ဘာဘတ်စ်တိုအသင်းနဲ့ရင်ဆိုင်ရတဲ့ တနင်္ဂနွေနေ့ စပိန်ဘုရင့်ဖလားပွဲစဉ်ကို လွဲချော်ရဖို့ရှိနေပေမယ့် လာမယ့်သီတင်းပတ်၊ စပိန်စူပါဖလားပြိုင်ပွဲအတွက် ဆော်ဒီနိုင်ငံဆီထွက်ခွာမယ့် အသင်းလူစာရင်းမှာ ပါဝင်နိုင်မယ့် အခွင့်အရေးကောင်းတစ်ရပ်တော့ ရရှိနေပါသေးတယ်။


ယမန်နေ့သတင်းစာရှင်းလင်းပွဲမှာတော့ ဘာစီလိုနာနည်းပြဇာဗီက လာမယ့်ကြာသပတေးနေ့၊ အိုဆာဆူနာအသင်းနဲ့ ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ကန်ဆယ်လိုကို မဖယ်ထုတ်ထားသလို သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေသာ အစီအစဉ်အတိုင်းဖြစ်လာမယ်ဆိုရင် အသင်းလူစာရင်းမှာ ပါဝင်ခွင့်ရရှိပါလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။


"ကန်ဆယ်လိုကို စပိန်စူပါဖလားပွဲစဉ်အတွက် မဖယ်ထုတ်ထားပါဘူး။ သူ့ရဲ့ကြံ့ခိုင်မှုကောင်းမွန်လာမယ်ဆိုရင် အသင်းလူစာရင်းမှာ ပါဝင်လာပါလိမ့်မယ်"လို့ နည်းပြဇာဗီက ပြောပါတယ်။

ဘာစီလိုနာအနေဖြင့် အခုဘောလုံးရာသီမှာ ပြိုင်ပွဲစုံအောင်မြင်မှုရရှိဖို့ တိုက်ပွဲဝင်နေရလို့ ကန်ဆယ်လိုကဲ့သို့ အားထားရတဲ့ကစားသမားကို လက်လွှတ်ရမယ်ဆိုရင် နစ်နာမှုရှိနိုင်ပေမယ့် အမြန်ဆုံးသက်သာလာခဲ့လို့ စိတ်သက်သာရာရနေပါလိမ့်မယ်။

#ဘာစီလိုနာ #ကန်ဆယ်လို #စပိန်စူပါဖလား