ရှေ့သို့
Image

ကက်စ်မဲရိုးကို ရောင်းချဖို့ အခက်တွေ့နေတဲ့ ဆာဂျင်ရက်ဖကလစ်ဖ်

9:37 AM, 8 January

ယူနိုက်တက်ဟာ ယခုရာသီတွင် ပုံစံကောင်းနှင့် ကြံ့ခိုင်မှုပိုင်းအရ ရုန်းကန်နေရတဲ့ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်လူကို ရောင်းချရန် စိတ်အားထက်သန်နေပါတယ်။ တန်ဟက်ဟာ လက်ရှိဇန်န၀ါရီလတွင် အသင်းကို အားကောင်းစေချင်နေသော်လည်း ယူနိုက်တက်ဟာ အသင်းရဲ့အပြောင်းအရွှေ့ အသုံးစရိတ်ကို မြှင့်တင်ရန်အတွက် ကစားသမားရောင်းချမှုများ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။

ကက်စ်မဲရိုးဟာ ဆော်ဒီအာရေးဗျသို့ ပြောင်းရွှေ့ရန် အကျိုးအမြတ်များတဲ့ ကမ်းလှမ်းမှုဖြင့် စည်းရုံးခြင်းခံထားရတယ်လို့ ယူဆရပြီး ပီအက်စ်ဂျီကလည်း အသက် ၃၁ နှစ် အရွယ် ကစားသမားနှင့် ချိတ်ဆက်မှုများ ရှိနေပါတယ်။ ဒါပေမယ့် The Sun ရဲ့ အဆိုအရ အိုးထရက်ဖို့ဒ်ရဲ့ ဘောလုံးဆိုင်ရာ လုပ်ဆောင်မှုတွေကို တာဝန်ယူနေတဲ့ ဆာဂျင်ရက်ကလစ်ဖ်ဟာ ကက်စ်မဲရိုးကို ရောင်းချဖို့ သူ့အစီအစဉ်နဲ့ ပတ်သက်ပြီး ထိခိုက်မှုတွေ ကြုံနေရပါတယ်။

ဗြိတိန်ဘီလီယံနာဟာ ကက်စ်မဲရိုးရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိကြောင်း သိရှိထားပြီး ကစားသမားနှင့် စာချုပ်သက်တမ်း နှစ်နှစ်ခွဲ ကျန်ရှိနေတာဖြစ်ပါတယ်။ ဘရာဇီးသားဟာ မကြာခင်မှာ အသက် ၃၂ နှစ်ပြည့်တော့မှာဖြစ်ပြီး ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာကြောင့် ငွေကြေးများများပေးချင်တဲ့ ကလပ်တွေ အများကြီးမရှိနေပါဘူး။

ကက်စ်မဲရိုးဟာ ယူနိုက်တက်ရဲ့ ဝီဂန်နဲ့ ကစားမယ့် အက်ဖ်အေဖလား တတိယအကျော့ပွဲမတိုင်မီ ယခုရက်သတ္တပတ်အတွင်းမှသာ  လေ့ကျင့်ခန်းသို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက ကက်စ်မဲရိုးကို ခေါ်ယူခဲ့တဲ့ တန်ဟက်ရဲ့ဆုံးဖြတ်ချက်ဟာ ကြောက်စရာဖြစ်တယ်လို့ မကြာသေးခင်က ကာရေဂါက ပြောကြားခဲ့ပါတယ်။

ကက်စ်မဲရိုးဟာ ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာပြီးကတည်းက သရဲနီတွေအတွက် ၆၃ ပွဲ ကစားထားပြီး ၁၁ ဂိုး သွင်းကာ ၇ ဂိုး ဖန်တီးထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကက်စ်မဲရိုး #ပရီးမီးယားလိဂ် #ဆာဂျင်မ်ရက်ကလစ်ဖ်