ရှေ့သို့
Image

အာရှဖလားကို ဂိုးပြတ်နိုင်ပွဲနဲ့ ဖွင့်လှစ်နိုင်ခဲ့တဲ့ အိမ်ရှင်ကာတာ

10:21 AM, 13 January

ကာတာအသင်းဟာ မနေ့ညက အာရှဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ လက်ဘနွန်ကို သုံးဂိုးပြတ်အနိုင်ယူကာ အဖွင့်လှခဲ့ပါတယ်။

အိမ်ကွင်းမှာ ကစားရခြင်းနဲ့အတူ ကာတာက တစ်ပွဲလုံးလိုလို ခြေအသာနဲ့ကစားနိုင်ခဲ့ပါတယ်။ ပွဲစပြီးသိပ်မကြာခင်မှာတင် အဖစ်ရဲ့ဂိုးနဲ့ ကာတာတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် လူကျွံဘောဖြစ်နေတာကြောင့် နစ်နာခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ ကာတာတို့ ဦးဆောင်ဂိုးရသွားပြီး အလီရဲ့ပေးပို့မှုကနေ အဖစ်က ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းစပြီး ၁၀မိနစ်ဝန်းကျင်မှာ ကာတာအသင်း ဒုတိယဂိုးရခဲ့ပြီး မိုဟာမက်ဝက်ဒ်ရဲ့ ဖြတ်တင်ဘောကနေ အလီက ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာတော့ လက်ဘနွန်ခံစစ်ရဲ့အမှားကနေ အဖစ်ကပဲ ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ယနေ့ညမှာတော့ အုပ်စုAရဲ့ ဒုတိယပွဲစဉ်အဖြစ် တရုတ်နဲ့ တာဂျစ်ကစ္စတန်တို့ ရင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

#ကာတာ #အဖစ် #အာရှဖလား