ရှေ့သို့
Image

အသင်းရဲ့ရလဒ်များပြန်ကောင်းလာစေဖို့ အချိန် ရက် ၃၀ ပေးခြင်းခံထားရတဲ့ မော်ရင်ဟို

3:05 PM, 14 January

ရလဒ်ကောင်းရရှိဖို့ ရုန်းကန်နေရတဲ့ ရိုးမားရဲ့ ကံကြမ္မာကို ဦးမော့လာစေရန် ရက် ၃၀ သာ ပေးထားတာကြောင့် မော်ရင်ဟိုရဲ့ အလုပ်မှာ အဆင်မပြေ ဖြစ်နေပါတယ်။


ပေါ်တူဂီသားနည်းပြဟာ ပရိသတ်အကြိုက်ဖြစ်နိုင်သော်လည်း ကွင်းအတွင်း ရလဒ်များမကောင်းနေတာကြောင့် ဘုတ်အဖွဲ့ဟာ စိတ်မရှည်တော့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ သူ့ရဲ့ပထမရာသီတွင် ၁၄ နှစ်ကြာ ဖလားကင်းမဲ့နေမှုကို အဆုံးသတ်ရန် ကွန်းဖရန့်လိဂ်ချန်ပီယံဆုအား ရယူပေးခဲ့သော်လည်း စီးရီးအေတွင် အဆင့် ၆ နေရာဖြင့်သာ ၂နှစ်ဆက်ရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့တာဖြစ်ပါတယ်။


၂၀၂၄-၂၅ ရာသီမှာတော့ ဥရောပထိပ်တန်းကလပ်များအကြားတွင် အောင်ပွဲခံရန် မျှော်လင့်ထားသော်လည်း လိဂ်ရှိ ပထမ ၅ လအတွင်း ဆိုးရွားတဲ့အခြေအနေကြောင့် ရိုးမားဟာ အဆင့် ၈ နေရာတွင်သာ ရပ်တည်နေပါတယ်။


မော်ရင်ဟိုရဲ့နေရာက ပါးလွှာတဲ့ရေခဲပြင်ပေါ်တွင် လမ်းလျှောက်သလိုဖြစ်နေပြီး အသင်းရဲ့ရလဒ်များ ပြန်ကောင်းအောင်လုပ်ဖို့အတွက် အချိန် ၁ လ ရရှိထားကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ သူ့ရဲ့ စာချုပ်ဟာ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ရလဒ်တွေ မကောင်းမွန်ပါက သက်တမ်းတိုးခွင့် ငြင်းပယ်ခံရနိုင်ပါတယ်။ ကလပ်တွင် အရေးပေါ်အစီအစဥ်များရှိနေပြီး ဒီရော့ဆီကို ယာယီနည်းပြအဖြစ် ရွေးချယ်ထားတယ်လို့ ထင်ရပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အခြားရွေးချယ်စရာများအဖြစ် ပယ်လာဒီနိုနှင့် မွန်တယ်လာတို့ကို စောင့်ကြည့်နေပါတယ်။


ရိုးမားရဲ့ အတ္တလန္တာ၊ လာဇီယိုတို့ကစားခဲ့တဲ့ စီးရီးအေနှင့် ကိုပါအီတလီယာတို့တွင် ယှဉ်ပြိုင်ကစားစဉ် ဒိုင်လူကြီးတွေအပေါ် တုံ့ပြန်မှုများကြောင့် မော်ရင်ဟာ တစ်ပတ်အတွင်း ၂ ကြိမ် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ သို့သော်လည်း အသင်းပရိသတ်တွေကတော့ မော်ရင်ဟိုကို ထောက်ခံအားပေးနေဆဲဖြစ်ပါတယ်။


မော်ရင်ဟိုက ထိုကဲ့သို့ ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိထားပြီး ရိုးမားတွင် ဆက်လက်ရှိနေလိုကြောင်း လူသိရှင်ကြား ဝန်ခံခဲ့ပါတယ်။


"ကျွန်တော်က ပိုင်ရှင်တွေနဲ့ စကားမပြောဖူးပေမယ့် ရိုးမားကို ဆက်ပြီး နည်းပြချင်ပါတယ်၊ ပရိသတ်တွေကလည်း ထူးခြားပါတယ်။ ခွဲခွာခြင်းက ကျွန်တော့်အတွက် ခက်ခဲပါလိမ့်မယ်။ ခွဲခွာမှုတစ်ခု ဖြစ်ခဲ့ရင် ဒါဟာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ဖြစ်မှာ မဟုတ်ပါဘူး" လို့ မော်ရင်ဟိုက ပြောပါတယ်။


မော်ရင်ဟိုရဲ့ တတိယမြောက်ရာသီတွင် ရုန်းကန်မှုနေရာရဲ့ရိုးမားတွင် အသင်းအတွက် ရလဒ်ကောင်းမွန်ပြီး နိုင်ပွဲတွေပြန်လည်ရရှိဖို့ နည်းလမ်းများရှာရမှာ ဖြစ်ပါတယ်။ အီတလီထိပ်တန်းပြိုင်ပွဲတွင် အေစီမီလန်ကို ယှဉ်ပြိုင်ရန် ဆန်ဆီရိုသို့ သွားရောက်မယ့် ခရီးစဉ်ကြောင့် သူ့ရဲ့ခရီးလမ်းက လွယ်ကူမှာမဟုတ်ပါဘူး။


သို့သော်လည်း အဆိုပါပွဲမှာ အနိုင်ရရှိအောင် အသင်းကိုဦးဆောင်နိုင်မယ်ဆိုရင်တော့ အနည်းငယ်တော့ အသက်ရှုချောင်မှာဖြစ်ပါတယ်။ ရိုးမားဟာ အဆင့် ၄ နေရာမှ ဖီအိုရင်တီးနားနောက် ၄ မှတ်အကွာတွင်ရှိနေပြီး လာမယ့်၂ လအတွင်း ခြေစွမ်းတည်စွာ ကစားနိုင်မယ်ဆိုရင်တော့ လေးရာသီမြောက်မှာ သူ့ကိုဆက်လက် တွေ့နိုင်မှာဖြစ်ပါတယ်။

#ရိုးမား #ပေါ်တူဂီ #မော်ရင်ဟို