ရှေ့သို့
Image

ပရော်ဖက်ရှင်နယ်ပီသမှုရဲ့ စံနမူနာကောင်းတစ်ခု ရှိမယ်ဆိုရင် အဲ့ဒါက ကျွန်တော်ပါပဲလို့ ပြောကြားလိုက်တဲ့ မော်ရင်ဟို

3:34 PM, 14 January

ပရော်ဖက်ရှင်နယ်ပီသမှုရဲ့ စံနမူနာကောင်းတစ်ခု ရှိမယ်ဆိုရင် အဲ့ဒါက ကျွန်တော်ပါပဲလို့ မောရင်ဟိုက ပြောကာ ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာ ပေါ်တူဂီသားက သူ့ရဲ့ဂုဏ်သိက္ခာကို ကာကွယ်ပြောဆိုခဲ့ပါတယ်။


ဗုဒ္ဓဟူးနေ့က မြို့ခံပြိုင်ဘက် လာဇီယိုကို ကွာတားဖိုင်နယ်အဆင့်တွင်ရှုံးနိမ့်ခဲ့ပြီး ကိုပါအီတာလီယာမှ ထွက်ခွာခဲ့ပြီးနောက် Special One ဟာ ဖိအားတွေအောက်ရောက်နေတာဖြစ်ပါတယ်။


ရိုးမားဟာ ပွဲတော်ရက်ပြီးကတည်းက စီးရီးအေတွင် ဂျူဗင်တပ်စ်၊ နာပိုလီတို့နှင့် ကစားခဲ့တဲ့စီးရီးအေပွဲများအပြင် လာဇီယိုနှင့် ပွဲမှာပါ ရလဒ်တွေဆိုးရွားခဲ့ပြီး တနင်္ဂနွေနေ့မှာ ပီအိုလီရဲ့ မီလန်နှင့် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။


မော်ရင်ဟိုဟာ သူ့ရဲ့ စရိုက်လက္ခဏာကို သက်သေပြကာ သတင်းစာရှင်းလင်းပွဲကို စတင်ခဲ့ပါတယ်။


"ကျွန်တော် ဒီမှာ ၂နှစ်နဲ့ ၅ လလောက်နေခဲ့ပြီး အဲဒီ့အချိန်အတွင်း လေ့ကျင့်ရေးအစီအစဉ်ကို တစ်ကြိမ်မှ မလွတ်ဖူးတာ ကျွန်တော်တစ်ယောက်ထဲပါ။ ကျွန်တော့်အတွက်ကတော့ ဖျားနာမှုတွေ၊ စိတ်မကြည်တာတွေ မရှိပါဘူး။ ၂ နှစ်ခွဲကြာအောင် ကျွန်တော်မှ မမှားခဲ့ပါဘူး။ လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်လောက်က လူတိုင်းဖျားနာနေခဲ့တယ်"


"လွန်ခဲ့တဲ့လအနည်းငယ်က ရှင်းပြစရာမလိုတဲ့ အခြေအနေအတွက် ၁ ရက်ပဲ လိုခဲ့တာပါ။ ကျွန်တော်က မန်နေဂျာ ပင်တိုနဲ့ အသင်းပိုင်ရှင်တွေကို ပြောပြခဲ့ပြီး ဒါဘီပွဲပြီးတဲ့နေ့မှာ ကောင်းမွန်တဲ့နေ့ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရောမမြို့ရဲ့အဝေးမှာ ၁၅ နာရီကြာအောင် ရှိနေခဲ့ပြီး ဒါကို အကြောင်းပြတာက ရယ်စရာကောင်းပါတယ်"


"ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုနဲ့ ဂုဏ်သိက္ခာ၊ ဒီအလုပ်အတွက် ကျွန်တော့်ရဲ့ ပေးဆပ်မှုကို မေးခွန်းထုတ်နိုင်ပြီး ဘယ်နည်းနဲ့မဆို ကျွန်တော် လက်မခံပါဘူး။ ပရော်ဖက်ရှင်နယ်ပီသမှုရဲ့  စံနမူနာကောင်းတစ်ခု ရှိမယ်ဆိုရင် အဲ့ဒါက ကျွန်တော်ပါပဲ။ ကျွန်တော့်နည်းပြဘဝ အနှစ် ၂၀ ကျော်အတွင်း တစ်ပွဲမှ မလွတ်ခဲ့ဖူးပါဘူး" လို့ မော်ရင်ဟိုက ပြောပါတယ်။


လာဇီယိုအား ကိုပါအီတာလီယာမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ စိတ်ဓာတ်မကျဘဲ တနင်္ဂနွေနေ့က မီလန်နဲ့ ကစားမယ့်ပွဲအတွက် အာရုံစူးစိုက်မှုအပြည့်ရှိနေတယ်လို့ မော်ရင်ဟိုက အခိုင်အမာပြောဆိုလိုက်ပါတယ်။


"ပွဲပြီးသွားတော့ ကျွန်တော်တို့ ရှုံးသွားတယ်။ တစ်ချို့အရာတွေက ကောင်းတယ်၊ တစ်ချို့က ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ပွဲကို တိုးတက်စေဖို့ အားလုံးကို ပိုင်းခြားစိတ်ဖြာထားပါတယ်။ အခု နောက်ပွဲတွေအတွက် စဉ်းစားကြည့်ရအောင်၊ ဗုဒ္ဓဟူးနေ့ ပွဲကပြီးသွားပါပြီ" လို့ သူက ပြောပါတယ်။


လက်ရှိစီးရီးအေရဲ့ တတိယနေရာတွင်ရပ်တည်နေတဲ့ မီလန်နှင့်ပွဲအတွက် မော်ရင်ဟိုက "လွန်ခဲ့တဲ့ ၂ နှစ်လောက်က ချန်ပီယံဆုရရှိခဲ့တဲ့အသင်းနဲ့ ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။ သူတို့ရယ် ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့ကြား အမှတ်ကွာဟမှုက နီးစပ်ဖို့ လွယ်ကူတဲ့ ကွာဟချက်မဟုတ်ပေမယ့် ဒဏ်ရာကြောင့် အရေးပါတဲ့ ကစားသမားတချို့ ဆုံးရှုံးနေရတဲ့ အသင်းတစ်သင်းဆိုတာ သိသာပါတယ်"


"ပစ်မှတ်ထားခဲ့တဲ့ ဖလားပွဲမှာရှုံးခဲ့ပြီးနောက် သေချာပေါက် အနိုင်ယူချင်တဲ့အသင်းပါ။ ဒီပွဲမှာ သူတို့ အားစိုက်ထားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို သူတို့သိပါတယ် လူတိုင်းလည်း သိပုံရပါတယ်။ အချို့သော သတင်းသမားတွေနဲ့၊ ဝေဖန်သူတွေသာ မသိကြမှာပါ။ ကျွန်တော်တို့ရဲ့အခက်အခဲတွေကို လူတိုင်းသိပါတယ်" လို့ ပြောပါတယ်။


"ဘောလုံးမှာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကစားသမားတစ်ယောက်အမှားလုပ်မိရင် ဦးတည်ချက်ကတစ်ခုပဲရှိတယ်၊ ရလဒ်တစ်ခုလုံးရဲ့တာဝန်က နည်းပြအပေါ်မှာပဲရှိတာကို ကျွန်တော်ကောင်းကောင်းသိပါတယ်"


"အသင်းလိုက်နဲ့ ခံစစ်အရတော့ ကျွန်တော့်အသင်းက ပြီးပြည့်စုံပါတယ်။ သူတို့ ပေးလိုက်ရတဲ့ဂိုးက ကျွန်တော်တို့ရဲ့ လက်ပစ်ဘောကနေ စတင်ခဲ့တာပါ။ စီးရီးအေရဲ့ ပွဲကစားချိန် ၅၅ မိနစ်မှာ အသက် ၁၈ နှစ်အရွယ် ကစားသမားလေးတစ်ယောက်ရဲ့ ပင်နယ်တီကို ကျွန်တော် ဘယ်တုန်းကမှ ပင်နယ်တီမဟုတ်ဘူးလို့ မပြောခဲ့ဖူးသလို အခုခေတ်ရဲ့ ပင်နယ်တီလို့ ကျွန်တော်ပြောခဲ့ပါတယ်။ အခုခေတ်မှာတော့ ဒိုင်လူကြီးက ညံ့ဖျင်းတယ်လို့ ပြောခဲ့ပြီး ပွဲအား ကာကွယ်ခြင်းဆိုင်ရာ စည်းကမ်းချက်များကိုလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ ကနဲ့နှိုင်းယှဉ်ခဲ့ပါတယ်"


"မနေ့က အစည်းအဝေးမှာ ကျွန်တော် ဘာမှ မနှမြောပါဘူး။ အဲ့ဒီနောက် ကွင်းအတွင်းမှာ ကစားသမား  ၆ဦးနဲ့ ပြန်လည် လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီလိုမျိုး ကွင်းထဲမှာ တိုးတက်အောင် လုပ်ဆောင်ရတာ ခက်ခဲပေမယ့် မက်ဆေ့ချ်ကတော့ အတူတူပါပဲ။ တစ်ဦးချင်းအမြင်ကနေ ပိုပေးရမယ့်သူတွေရှိပါတယ်" လို့ သူက ပြောပါတယ်။


လာဇီယိုကို ရှုံးနိမ့်ပြီးနောက် ကလပ်အသင်းမှဘယ်သူက ပရိသတ်တွေကို ပြောလိုက်တာ ဖြစ်နိုင်သလဲဟု မေးမြန်းရာ မော်ရင်ဟိုက "ကျွန်တော်ကလည်း ကလပ်ကပါ။ ကျွန်တော်က အဆင့်မြင့်အရာရှိမဟုတ်ပါဘူး။ နည်းပြတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်လည်း ကလပ်ပါ"


"ကျွန်တော်ဒီမှာရှိစဉ် ကျွန်တော့်ကိုယ်ကျွန်တော် ကလပ်အသင်းလို့ ယူဆပါတယ်၊ ကျွန်တော့်စကားတွေကို စဉ်းစားပြီး လူတွေကြားချင်တဲ့အရာကို ပြောတာပါ။ ကျွန်တော် အမြဲတမ်း သစ္စာရှိဖို့နဲ့ အသင်းနဲ့ ဆက်ဆံရေးမှာ မှန်ကန်စွာ ပြုမူချင်ပါတယ်။ ဒါဟာ တာဝန်တစ်ခုမဟုတ်ပါ၊ အဲဒါက ကျွန်တော့်ရဲ့ ကျင့်ကြံမှုပါ"


"ဒါဘီဘယ်နှစ်ပွဲလောက်ကစားဖူးလဲဆိုတာ မမှတ်မိတော့ပါဘူး။ ၂၀၀ လား ၁၅၀ လား မသိတော့ပါဘူး။ သူတို့က အမြဲတမ်း အထူးပွဲတွေပါ။ အနိုင်ရတယ်၊ သရေကျတယ် ရှုံးတယ် အမြဲတမ်းမတူတဲ့အတွေ့အကြုံနဲ့ပါပဲ"


"ချဲလ်ဆီးပရိသတ်တစ်ယောက်အတွက် မန်စီးတီးနဲ့ကစားရတဲ့ပွဲဟာ အာဆင်နယ်နဲ့ပွဲနဲ့မတူဘူးဆိုတာ ကျွန်တော်အမြဲနားလည်ထားပါတယ်။ အင်တာမီလန်အတွက်ကတော့ ရိုးမားနဲ့ပွဲက ဂျူဗင်တပ်နဲ့ပွဲနဲ့မတူပါဘူး။ ဒါဘီဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ ဒါဘီဟာ အရေးကြီးတဲ့ ဒါဘီပွဲပါ"


"ရိုးမားပရိသတ်တွေက ကျွန်တော်မြင်ဖူးသမျှထဲမှာ မယုံနိုင်စရာအကောင်းဆုံးပါပဲ၊ နည်းပြကို ဟိုဆေးဟယ်ရီ မော်ရင်ဟိုပေါ်တာလို့ခေါ်ပြီး သူမျှော်လင့်ချက်တွေကို မြှင့်တင်ခဲ့ပါတယ်။ ကျွန်တော်တို့က အလွန်ခက်ခဲတဲ့ တိုက်ပွဲကို တိုက်ခိုက်ယှဉ်ပြိုင်ပြီး ကျွန်တော်တို့ မလုပ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ မီလန်နဲ့ ပွဲမှာ ကျွန်တော်တို့ ရှိနေမှာပါ" လို့ မော်ရင်ဟိုက ပြောပါတယ်။


#ရိုးမား #ပေါ်တူဂီ #မော်ရင်ဟို