ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ကို ဘာကြောင့်ဝိတ်တွေတက်ပြီးရောက်လာခဲ့သလဲဆိုတာ ဖွင့်ဟလာတဲ့ ဟာဇက်

9:55 AM, 4 February

အီဒင်ဟာဇက်က ရီးရဲလ်မက်ဒရစ်ကို ဘာကြောင့် ဝတ်တွေတက်ပြီး ရောက်လာခဲ့သလဲဆိုတာ ရှင်းပြလိုက်ပြီး လေ့ကျင့်ရေးကွင်းကို ဘောလုံးတောင်မကန်ချင်ဘဲ ရောက်လာတဲ့နေ့တွေရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ဘယ်လ်ဂျီယံသားဟာ ၂၀၁၉ခုနှစ်က ချဲလ်ဆီးကနေ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရီးရဲလ်မက်ဒရစ်ကို ပေါင်သန်း၁၅၀နဲ့ ရောက်ရှိလာခဲ့ပါတယ်။


ဒါပေမယ့် ရီးရဲလ်မှာ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာတွေရှိခဲ့ပြီးနောက် ၃၂နှစ်အရွယ်မှာတင် ဟာဇက်တစ်ယောက် ကစားသမားဘဝကနေ အနားယူခဲ့ရပါတယ်။

ဘယ်လ်ဂျီယံသားဟာ ၂၀၁၉ခုနှစ်က ရီးရဲလ်မက်ဒရစ်ရဲ့ မြောက်အမေရိကခရီးစဉ်ကို လာရောက်ပူးပေါင်းရာမှာ ပြဿနာတွေစဖြစ်လာခဲ့ပါတယ်။


သတင်းအချို့မှာတော့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကစားသမားတစ်ဦးက ဝိတ်တွေတက်ပြီးဗရာက်လာတဲ့အပေါ် မက်ဒရစ်တာဝန်ရှိသူတွေက စိတ်ပျက်ခဲ့ကြကြောင်း သိရပါတယ်။

ဟာဇက်က "ချဲလ်ဆီးမှာ ကျွန်တော့်ကစားသမားဘဝအတွင်း အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြောလိုက်ပါတယ်။ ရီးရဲလ်ကိုရောက်ပြီဆိုတော့ ဒီအချိန်က ငါ့အတွက် နောက်ဆုံးအားလပ်ရက်ပဲဆိုပြီး တွေးလိုက်ပါတယ်။


အဲ့ဒီမှာ ကျွန်တော် ကိုယ့်စိတ်ကိုယ်လွှတ်လိုက်ပြီးတော့ နွေရာသီအတွင်း လုပ်ချင်တာလုပ်တော့တာပါပဲ။ အင်္ဂလန်မှာ ၇နှစ်ကြာကစားတုန်းက ခရစ္စမတ်အားလပ်ရက်တောင် မရှိဘဲ ပေးဆပ်ကစားခဲ့ပါတယ်။ အခု ၃၊ ၄ပတ်လောက် အားလပ်ရက်ရပြီးတော့ ငါ့ကို လာမပြောနဲ့ဆိုပြီး အသားကင်၊ ဝိုင် တို့လိုဟာတွေ စားသောက်တော့တာပဲ။

အဲ့ဒီမှာ ကျွန်တော် ဘဝကို ပြန်စဖို့ အခွင့်အရေးဗပးခဲ့ပါတယ်။ အဲ့ဒီနောက် ရီးရဲလ်မှာတော့ အကုန်မှားယွင်းကုန်ပြီး အခုလိုဖြစ်လာတာပါပဲ။"လို့ ပြောပြခဲ့ပါတယ်။

ငပျင်းလို့ စွပ်စွဲကြမှုအပေါ် ဟာဇက်က "သူတို့ ကျွန်တော့်ကို ငပျင်းလို့ခေါ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော် လေ့ကျင့်မှုမလုပ်ဘဲ ၁၆နှစ်လောက်ကို ပရိုကစားသမားဖြစ်မလာပါဘူး။ ပွဲသေးသေးလေးပဲဖြစ်ဖြစ် နည်းနည်းပဲပြေးရပြေးရ ဝင်ပါလိုက်တာပါပဲ။


ကျွန်တော် မနက်ခင်း လေ့ကျင်ခန်းအစီအစဉ်ကို အိပ်ရေးမဝဘဲ လာတာမျိုးရှိတယ်ဆိုတာ မှန်ပါတယ်။ ငါ့ကို ဘောလုံးလာမပေးကြနဲ့။ မီတာအနည်းငယ်ပဲရွှေ့ပြီးတော့ မလှုပ်တော့ပါဘူး။ ကျွန်တော် တစ်နာရီလောက် မလှုပ်ပဲ မတ်တပ်ရပ်နေပါတယ်။ နည်းစနစ်အကြောင်း တစ်နာရီလောက်ပြောမလား။ ဆရာဝန်နဲ့ တစ်နာရီလောက်တွေ့မလား။ ကျွန်တော် အဲ့ဒီလိုတွေလုပ်တော့တာပါပဲ။"လို့ ဝန်ခံခဲ့ပါတယ်။


#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဟာဇက်