ရှေ့သို့
Image

ကိုကင်းမှောင်ခိုလုပ်ဆောင်မှုကြောင့် ၆ နှစ်ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အေဂျက်စတားဟောင်း ကွင်စီပရုန်းစ်

8:23 AM, 15 February

အေဂျက်နဲ့ နယ်သာလန်တောင်ပံကစားသမားဟောင်း ကွင်စီပရုန်းစ်တစ်ယောက် ကိုကင်းမှောင်ခိုလုပ်ဆောင်မှုကြောင့် ထောင် ၆ နှစ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်သားဟာ ပြီးခဲ့တဲ့မေလတုန်းက ကိုကင်း ၁၃၅၀ ကီလီုဂရမ်တင်ပို့မှုမှာ ပါဝင်ခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရပါတယ်။ မော်စကိုအသင်းထံပြန်လည်မပြောင်းခင် ၂၀၂၀ တုန်းက အန့်တ်ဝ့ါပ်မှာကော လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အခုချိန်မှာတော့ ပရုန်းစ်တစ်ယောက် ပြစ်မှုထင်ရှားခဲ့တာကြောင့် တရားသူကြီးတွေက ၉ နှစ်ချဖို့ သတ်မှတ်ခဲ့ပေမယ့် ၆ နှစ်အထိ လျော့ချပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နယ်သာလန်သားဟာ ရုရှားမှာ ကန်နေတာကြောင့် မည်သည့်တရားရုံးကိုမှ မတက်ရောက်ခဲ့ဘူးလို့ သိရပါတယ်။

ရုရှား - ယူကရိန်းစစ်ပွဲကြောင့် ပရုန်းစ်အနေနဲ့ ထောင်ဒဏ်ကို ကျခံရဖို့ မရှိဘူးလို့ သိရပါတယ်။ အခုအပတ်တုန်းက ကစားခဲ့တဲ့ အယ်လ်-အက်လီနဲ့ပွဲမှာ ပရုန်းစ်ဟာ မော်စကိုအသင်း အတွက် မိနစ် ၉၀ ပြည့်ပါဝင်ကစားခဲ့ပါတယ်။ နယ်သာလန်တာဝန်ရှိသူတွေကတော့ အောင်မြင်နေတဲ့ ဘောလုံးသမားတစ်ဦးအနေနဲပ အခုလိုမျိုးတရားမဝင်တဲ့ဆေးဝါးတွေကို ပို့ဆောင်မှုလုပ်တာနဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးမိတယ်လို့ ပြောကြားခဲ့ပါတယ်။

ပရုန်းစ်ရဲ့ချမ်းသာမှုကြောင့် သူ့အနေနဲ့ ထောင်မကျအောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ လွတ်မြောက်အောင် ကူညီပေးနိုင်တာဖြစ်ပါတယ်။ ၂၀၂၀ ဒီဇင်ဘာတုန်းကလည်း ပရုန်းစ်ဟာ မိသားစုဝင်တစ်ဦးကို ဓားနဲ့တိုက်ခိုက်ခဲ့တာကြောင့် အဖမ်းခံခဲ့ရသေးတာဖြစ်ပါတယ်။

၂ လ အကြာမှာ ပရုန်းစ်ဟာ မော်စကိုမြေကို ပြန်လာခဲ့ပြီး ၂၀၁၄ ကနေ ၂၀၁၈ အထိ ကစားခဲ့သေးတာဖြစ်ပါတယ်။ ဒါ့အပြင် အေဂျက်၊ တွမ်တီး၊ ဆီဗီလာတို့မှာလည်း ကစားခဲ့သေးတာဖြစ်ပြီး နယ်သာလန်အတွက်တော့ ပွဲ ၅၀ ပါဝင်ကစားခဲ့ကာ ၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

#နယ်သာလန် #အေဂျက်စ် #ကွင်စီပရုန်းစ်