ရှေ့သို့
Image

ဘဏ္ဍာရေးမပြေလည်မှုတွေ လျှော့ချနိုင်ဖို့ ကွန်ဒီအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမယ့် ဘာစီလိုနာ

11:28 AM, 15 February

ဘာစီလိုနာဟာ အသင်းရဲ့ ဘဏ္ဍာရေးမပြေလည်မှုတွေကို လျှော့ချနိုင်ဖို့ နောက်ခံကစားသမား ကွန်ဒီအတွက် ကမ်းလှမ်းချက်တွေကို နားထောင်သွားမှာဖြစ်ပြီး လာမယ့်နွေရာသီမှာပဲ ကစားသမားကို ရောင်းချသွားဖွယ်ရှိနေပါတယ်။

လက်ရှိလာလီဂါချန်ပီယံအသင်းဟာ သူတို့ရဲ့ဆုဖလားကို ကာကွယ်နိုင်ဖို့အတွက် ခက်ခဲတဲ့အနေအထားမှာရှိနေပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာမှာရပ်တည်နေကာ ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ၁၀ မှတ်အထိကွာဟနေပါတယ်။ ဘာစီလိုနာဟာ အသင်းရဲ့နောက်တန်းမှာ ကစားသမားကောင်းတွေ အများအပြားစုစည်းထားနိုင်တာကြောင့် ကွန်ဒီကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အသင်းရဲ့ဗဟိုခံစစ်မှာ ရော်နယ်အရူဂျို၊ အင်နီဂိုမာတီနက်ဇ်၊ ပေါ ကူဘာဆီနဲ့ ခရစ္စတန်ဆန်တို့လို ကစားသမားတွေ ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဇာဗီဟာ ကောင်ဒီကို အသင်းရဲ့ညာနောက်ခံနေရာမှာ ကစားခိုင်းလေ့ရှိတာကြောင့် ကစားသမားက စိတ်ပျက်နေပုံရပြီး အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့နွေရာသီက အသင်းရဲ့ညာနောက်ခံနေရာမှာကစားစေဖို့ ကန်ဆယ်လိုကိုခေါ်ယူခဲ့ပြီးဖြစ်သော်လည်း ဇာဗီဟာ ကွန်ဒီကိုလည်း ညာနောက်ခံလူအဖြစ် ရံဖန်ရံခါအသုံးပြုနေတာဖြစ်ပါတယ်။ အသက်-၂၅ နှစ်အရွယ်ကောင်ဒီဟာ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးမတည်ငြိမ်မှုတွေအကြားမှာ ထူးဆန်းစွာပဲ ပေါင် ၄၆ သန်းနဲ့ ဆီဗီလာကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အဆိုပါရာသီမှာ ဘာစီလိုနာဟာ ကွန်ဒီနဲ့အတူ လိဒ်တောင်ပံကစားသမား ရာဖင်ဟာ၊ လီဝန်ဒေါစကီး၊ ကက်ဆီ၊ ဘယ်လာရင်၊ မားကို့စ်အလွန်ဆိုနဲ့ ခရစ္စတန်ဆန်တို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာသို့မရောက်ခင် ကွန်ဒီဟာ ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ်ကလည်းက စတန်းဖို့ဒ်ဘရစ်ချ်အသင်းဟာ ပြင်သစ် နောက်ခံလူကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။

#လာလီဂါ #ဘာစီလိုနာ #ကွန်ဒီ