ရှေ့သို့
Image

အာရှဖလား ဆီမီးဖိုင်နယ် ရှုံးနိမ့်မှု မတိုင်မီ အချင်းများခဲ့တဲ့ ဆွန်ဟောင်မင်နဲ့ လီကန်အင်

11:47 AM, 15 February

တောင်ကိုရီးယားရဲ့ အာရှဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှုမတိုင်မီ ပင်ပေါင်ရိုက်နေစဉ် ဆွန်ဟောင်မင်နှင့် လီကန်အင်တို့ဟာ စကားများရန်ဖြစ်ခဲ့ကြပါတယ်။ တောင်ကိုရီးယားအသင်းဟာ အာရှဖလား ဆီမီးဖိုင်နယ်မှာ ဂျော်ဒန်ကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး အဲ့ဒီတိုင်ခင်ညက ဖြစ်ပျက်ခဲ့တာကို အခုတော့ အတိအကျ ဖော်ပြလိုက်ပါတယ်။

ပင်ပေါင်ကစားရန် ညစာကို အမြန်စားခဲ့ကြတဲ့ အသင်းရှိ လူငယ်ကစားသမားတွေရဲ့ အပြုအမူက အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။ သူ့ကိုထိုးရန်ကြိုးစားခဲ့တဲ့ လီကန်အင်ကို တော့တင်ဟမ်စတားက ပြန်လည်ထိုးခဲ့ပြီး ထိုအဖြစ်အပျက်မှာ ဆွန်ဟောင်မင်က လက်အဆစ်လွဲသွားခဲ့ပါတယ်။

ကိုရီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက "လူငယ်ကစားသမားတချို့ ပင်ပေါင်ကစားဖို့ လာတဲ့အခါ ဆွန်ဟောင်မင်နဲ့အတူ တခြားသက်ကြီးကစားသမားတွေက ပြဿနာဖြစ်ခဲ့တာပါ" "ကစားသမားတွေက စကားများခဲ့ကြပြီး အဲ့ဒီအဖြစ်အပျက်မှာ ဆွန်ရဲ့ လက်ချောင်းက ထိခိုက်သွားပါတယ်" လို့ ပြောပါတယ်။

အဆိုပါကိစ္စဖြစ်ခဲ့ပြီးနောက် လီကန်အင်က "မင်္ဂလာနေ့လည်ခင်းပါ။ ကျွန်တော် လီကန်အင်ပါ။ အာရှဖလားပွဲမတိုင်ခင်မှာ ဆွန်ဟောင်မင်နဲ့ ကျွန်တော် အငြင်းပွားခဲ့တဲ့ကိစ္စလေးတစ်ခု ရှိပါတယ်" "ကျွန်တော်တို့ရဲ့ နိုင်ငံအသင်းကို အမြဲအားပေးနေတဲ့ ဘောလုံးပရိသတ်တွေကို အရမ်းစိတ်ပျက်စေခဲ့မိပါတယ်။ အဲ့ဒီအတွက် တောင်းပန်ပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်အစ်ကိုတွေရဲ့ပြောဆိုမှုကို နာခံခဲ့သင့်တယ်။၊ ဒါပေမယ့် ပရိသတ်တွေကို မကောင်းတဲ့အရာတွေပြသလိုဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်" "ကျွန်တော့်ကို စိတ်ပျက်စေနေတဲ့သူတွေအားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုနဲ့ မျှော်လင့်မှုတွေကို ဘောလုံးပရိသတ်တွေ ကောင်းကောင်းသိပါတယ်။ အခုချိန်ကစပြီး ကျွန်တော့်ရဲ့ အစ်ကိုတွေအပေါ်မှာ ပိုကောင်းတဲ့ ကစားသမားအနေနဲ့ရော ပိုကောင်းတဲ့လူဖြစ်လာအောင် ကူညီပေးဖို့ ကြိုးစားသွားမှာပါ" လို့ ထုတ်ပြန်ပြောကြားထားပါတယ်။

ဆွန်ဟောင်မင်ဟာ ဂျော်ဒန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ သူ့ရဲ့လက်ကို ပတ်တီးဖြင့်ပတ်ကာ ကစားခဲ့ပြီး လီကန်အင်ကလည်း မိနစ် ၉၀ အပြည့်ကစားခဲ့တာက အံ့အားသင့်စရာဖြစ်ကာ သူတို့နှစ်ဦးဟာ ကွင်းထဲတွင်မှာ ပြေလည်မှုမရရှိခဲ့ပါဘူး။ သူတို့ နှစ်ဦးစလုံးသာ သက်ဆိုင်ရာကလပ်များသို့ ပြန်သွားပြီဖြစ်ကာ ဆွန်ဟောင်မင်ဟာ ဘရိုက်တန်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ တော့တင်ဟမ်အတွက် အရန်ခုံကနေ ဝင်ရောက်ကစားပေးခဲ့ပါတယ်။ လီကန်အင်ကတော့ LOSC နဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် မပါဝင်နိုင်ခဲ့ပါဘူး။

နည်းပြဖြစ်တဲ့ ကလင်စမန်းအတွက်ကတော့ ဖိအားတွေရှိနေပါတယ်။ အဖွဲ့ချုပ်က အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် တောင်ကိုရီးယားရဲ့ ထွက်ခွာမှုက ကြီးမားတဲ့ ထိတ်လန့်စရာဖြစ်မှာ သေချာပါတယ်။

#ဆွန်ဟောင်မင် #တောင်ကိုရီးယား လီကန်အင် #အာရှဖလား