ရှေ့သို့
Image

ရှယ်ယာ၂၅%ကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယူနိုက်တက်အပေါ် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ သက်ရောက်မှုကို ထုတ်ဖော်ပြောကြားလိုက်တဲ့ မက်ဂွါရီ

2:03 PM, 16 February

ဂလေဇာမိသားစုဟာ ရက်ကလစ်ဖ်နှင့် INEOS ထံ ကလပ်ရဲ့ ရှယ်ယာ ၂၅ % ကို ပေါင် ၁.၃ ဘီလီယံဖြင့်ရောင်းချဖို့ သဘောတူညီခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ယူနိုက်တက်ကအတည်ပြုခဲ့ပါတယ်။ ရက်ကလစ်ဖ်ဟာ လာမယ့်ရက်ပိုင်းအတွင်း ကလပ်ရဲ့ရှယ်ယာတွေကို တရားဝင် ဝယ်ယူနိုင်ကြောင်း ကြေညာနိုင်မယ်လို့ မျှော်လင့်ထားပြီး ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ရဲ့ ထောက်ခံမှုကို ရရှိထားပြီးပြီးဖြစ်ပါတယ်။

INEOS ဟာ အိုးထရက်ဖို့ဒ်တွင် အတွေ့အကြုံရှိတဲ့ အိုမာဘရာဒါကို မြို့ခံပြိုင်ဘက် မန်စီးတီးထံခေါ်ယူကာ ကလပ်ရဲ့ CEO အသစ်ဖြစ် အချိန်မဖြုန်းပဲ ခန့်အပ်နိုင်ခဲ့ပါတယ်။ အသက် ၇၁ နှစ်အရွယ် ရက်ကလစ်ဖ်ဟာ ကလပ်အား လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ မက်ဂွါရီက ယုံကြည်ထားပါတယ်။


ဗဟိုခံစစ်မှူးက Sky Sports သို့ "သူဟာ အသင်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာ သေချာပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကလပ်ကို အောင်မြင်စေချင်ပြီး သူဟာ ယူနိုက်တက်ကို ရှိသင့်တဲ့နေရာသို့ ပြန်ရောက်အောင် လုပ်ပေးနိုင်မယ့် အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်ဆိုတာ သေချာပါတယ်" "လက်ရှိအချိန်မှာ ခက်ခဲတဲ့ နှစ်အနည်းရှိနေခဲ့ပါတယ်။ ဒီကလပ်အတွက် မျှော်လင့်ချက်က ဆုဖလားတွေနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်ပိုင်းကို စိန်ခေါ်ဖို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အသင်းက လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး" "သူဟာ ဒီကလပ်အတွက် သူလိုချင်တဲ့အရာတွေကို မျှော်မှန်းချက်ထားရှိပြီး လမ်းကြောင်းမှန်ပေါ်ရောက်မယ်လို့ ကျွန်တော်သေချာပေါက် ယုံကြည်ပါတယ်"လို့ ပြောပါတယ်။

သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရက်ကလစ်ဖ်ဟာ အိုးထရက်ဖို့ဒ်ရှိ ဘောလုံးလုပ်ငန်းများကိုတာဝန်ယူမှာဖြစ်ပြီး ဆာဒေ့ဗ်ဘရေ့စ်ဖို့ဒ်ကလည်း ကလပ်ရဲ့ အကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရန်စီစဉ်ထားပါတယ်။ ရာသက်ပန်ယူနိုက်တက် ပရိသတ်တစ်ဦးဖြစ်တဲ့ ရက်ကလစ်ဖ်ရဲ့ နံပါတ် ၁ ဦးစားပေးအဖြစ် အားကစားကွင်းတွင် ရင်းနှီးမြုပ်နှံရန် လျာထားထားပြီး သူ့ရဲ့ရည်မှန်းချက်တွေကို ဖော်ပြရန်အတွက် ဘရေ့စ်ဖို့ဒ် နှင့်အတူ ပထမအသင်း ကစားသမားတွေအားလုံးကို ပြောဆိုထားပြီးဖြစ်ပါတယ်။

"ဒီတွေ့ဆုံမှုမှာ ကစားသမားတွေက သူရဲ့ပြောစကားတွေကို တကယ်သဘောကျတယ်လို့ ကျွန်တော်ထင်ပါတယ်" "ဒီလိုတွေ့ဆုံပြောလိုက်ဆိုလိုက်ခြင်းက ကစားသမားတိုင်းကို ရင်ဘက်ပေါ်ရှိ တံဆိပ်နှင့် ကလပ်အတွက် ယှဉ်ပြိုင်ကစားလိုစိတ်အပေါ် တွန်းအားသလို ဖြစ်ခဲ့ပါတယ်" "ကလပ်အတွက် စိတ်လှုပ်ရှားစရာအချိန်တွေပါပဲ၊ သူက အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် လုပ်ဆောင်မယ်ဆိုတာကို သိထားတာကြောင့် လတ်ဆက်တဲ့စွမ်းအားတွေ ယူဆောင်လာသလိုပါ" လို့ မက်ဂွါရီက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #ပရီးမီးယားလိဂ်