ရှေ့သို့
Image

နိုင်ငံအသင်းဖော် လီကောင်အင်းနဲ့ လန်ဒန်မှာတွေ့ဆုံခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဆွန်ဟောင်မင်

8:47 AM, 22 February

ဆွန်ဟောင်မင်နဲ့ လီကောင်အင်းတို့ လန်ဒန်မှာ တွေ့ဆုံခဲ့ပြီး တစ်ဦးနဲ့တစ်ဦး တောင်းပန်ခဲ့ပြီးနောက် ၂ ဦးကြား ဖြစ်ပွားနေတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဂျော်ဒန်ကို အရေးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ လက်ချောင်းဒဏ်ရာ ရရှိခဲ့ပြီးနောက် တော့တင်ဟမ်စတားဟာ အကာအကွယ်ဝတ်ဆင်ခဲ့ရတာဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဆွန်ကတော့ စားပွဲတင်တင်းနစ်ရိုက်ဖို့ အသင်းရဲ့ဟင်းတွေကို မစားခဲ့တဲ့ လူငယ်ကစားသမားတွေရဲ့အပြုအမူနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေပါတယ်။

ပီအက်စ်ဂျီစတား လီကောင်အင်းကလည်း လူငယ်တွေရဲ့အပြုအမူဟာ အသင်းခေါင်းဆောင်အပေါ် မလေးစားသလိုဖြစ်နေတယ်လို့ ယုံကြည်နေပါတယ်။ အခုတော့ ၂ ဦးကြား လန်ဒန်မှာတွေ့ဆုံပြီးတောင်းပန်ခဲ့ပြီးနောက် အဆင်ပြေခဲ့ပြီဖြစ်ကာ ဆွန်က သူ့အနေနဲပ အခြေအနေကိုကိုင်တွယ်နိုင်ခဲ့ပြီဖြစ်ကာ အသင်းပရိသတ်တွေအနေနဲ့ အင်းကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ကောင်အင်းအနေနဲ့ သူ့အပြုအမူအတွက် အသင်းဖော်တွေနဲ့ ကျွန်တော့်ကို တောင်းပန်ပြီးပါပြီ။ ကျွန်တော်လည်း အမှားတွေရှိခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အခုလိုအပြုအမူတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို စီနီယာတွေက အကြံပေးမှုတွေရှိခဲ့တာကြောင့် အခုလိုမျိုးဦးဆောင်နိုင်တာပါ။ ကောင်အင်းနဲ့ ကျွန်တော်တို့ကြားမှာ နားလည်မှုလွဲခဲ့တာပါ။ သူက ခြေစွမ်းခြေစရှိတဲ့ ကစားသမားတစ်ဦးဖြစ်သလို တိုးတက်အောင် ကူညီပေးရမှာပါ။ ကျွန်တော်အခြေအနေကိုကောင်းကောင်းကိုင်တွယ်နိုင်တယ်လို့ မယုံကြည်ပါဘူး။ အဲ့တာကြောင့် ကျွန်တော့်အပြုအမူက ဝေဖန်မှုနဲ့ထိုက်တန်ပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ အသင်းတာဝန်ကို ကျွန်တော်ကောင်းကောင်းယူရပါမယ်။ ဒီလိုမျိုးအခြေအနေ နောက်တစ်ကြိမ်ဖြစ်လာရင် ကျွန်တော် အသင်းအတွက် အကောင်းဆုံး ကိုင်တွယ်သွားပါ့မယ်

“အနာဂတ်မှာလည်း အသင်းဖော်တွေကို အသိအမြင်ကောင်းကောင်းနဲ့ ဦးဆောင်သွားနိုင်အောင် ပြုမူပါ့မယ်။ အခုဖြစ်ခဲ့တဲ့အဖြစ်အပျက်ဟာ ကောင်အင်းအတွက် အခက်ခဲဆုံး အချိန်ပါ။ ကျေးဇူးပြုပြီး သူ့ကိုခွင့်လွှတ်ပေးကြပါ။ နိုင်ငံအသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ ကျွန်တော် ဒါလေးကို တောင်းဆိုတာပါ။ သတင်းအမှားတွေကလည်း အခုချိန်မှာ များပြားနေပါတယ်။ အဖြစ်အပျက်တွေ အတွက်လည်း ကျွန်တော်က ညိုးငယ်စွာနဲ့တောင်းပန်ပါတယ်။ ရှေ့ဆက်အလုပ်ကြိုးစားပြီး တောင်ကိုရီးယားအသင်းကို အခုအတွေ့အကြုံကနေ ပိုကောင်းလာအောင် လုပ်ဆောင်သွားမှာပါ။ နောက်တစ်ကြိမ် အသင်းခေါင်းဆောင်တစ်ဦး အနေနဲ့ တောင်းပန်ပါတယ်”လို့ ဆွန်ဟောင်မင်က ပြောကြားခဲ့ပါတယ်။

#တော့တင်ဟမ် #ဆွန်ဟောင်မင် #လီကောင်အင်း