ရှေ့သို့
Image

ဖူလ်ဟမ်ကို ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ရဲ့ ချဉ်းကပ်မှုက အဆင်အခြင်မဲ့တယ်လို့ ဝေဖန်လိုက်တဲ့ မက်ဂွါရီ

1:49 PM, 26 February

ဟွိုက်လန်း မပါဝင်နိုင်တာကြောင့် တန်ဟက်ရဲ့အသင်းဟာ တိုက်စစ်ပိုင်းမှာ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ပွဲကစားချိန် ၆၅ မိနစ်မှာ ပြိုင်ဘက်အသင်းရဲ့ အဖွင့်ဂိုးကို ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဆာကာလူကီးကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့သော်လည်း အဝါကဒ်သာ ပြသခြင်းခံခဲ့ရာ ကွင်းထဲကနေ မထွက်ခဲ့ရတာ ကံကောင်းတယ်လို့ ယူဆရတဲ့ မက်ဂွါရီက ၈၉ မိနစ်တွင် ယူနိုက်တက်အတွက် နောက်ကျချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပိုမှာ ထရာအိုရေးက ဖူလ်ဟမ်ရဲ့ တန်ပြန်တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး အိုနာနာကို ကျော်ပြီး ဂိုးသွင်းယူခဲ့တဲ့ အီဝိုဘီအတွက်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

ရှုံးပွဲကြောင့် ယူနိုက်တက်အား စနေနေ့က ၄-၂ ဂိုးဖြင့် ဖောရက်စ်ကိုအနိုင်ရရှိခဲ့တဲ့ စတုတ္ထနေရာမှ အက်စတွန်ဗီလာနှင့် ၈ မှတ်အထိ ကွာဟသွားခဲ့ပြီး အသင်းဖော်တွေ အနေနဲ့ ဖူလ်ဟမ်ကို အနိုင်ရရှိဖို့ ဂိုးသွင်းရန် ကြိုးပမ်းရာတွင် ပိုမိုသတိထားသင့်ပါတယ်လို့ မက်ဂွါရီက ယုံကြည်နေပါတယ်။

ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မေးတဲ့အခါ မက်ဂွါရီက MUTV သို့ "မိနစ် ၉၀ လုံးလုံး စိတ်ပျက်စရာကောင်းပါတယ်" "ပထမပိုင်းက တူညီတဲ့ပွဲတစ်ပွဲပါ၊ နှစ်သင်းလုံးအတွက် အနည်းဆုံး အခွင့်အရေးရှိခဲ့ပါတယ်။ သူတို့အတွဲလုံးတွေက ကောင်းမွန်ပြီး ဒုတိယပိုင်းမှာ ကျွန်တော်တို့က ကက်စ်မဲရိုးကို လူစားလဲလိုက်ရသော်လည်း နည်းနည်းတော့ ပြန်ကောင်းလာပါတယ်။ ပထမပိုင်း ၁၅ မိနစ်၊ မိနစ် ၂၀ လောက်မှာ ကျွန်တော်တို့က အချိတ်ဆက်မိမိ မကစားနိုင်ခဲ့တာကြောင့် သူတို့က ဦးဆောင်ဖို့ထိုက်တန်ပါတယ်" "နောက်တစ်ကြိမ် လွယ်ကူတဲ့ဂိုးတစ်ဂိုးကို ပေးလိုက်ရတာပါ။ ဘောလုံးလာရာလမ်းကြောင်းကလည်း ပထမပိုင်းကတည်းက ကျွန်တော်တို့ သိထားတဲ့နေရာကနေ ရောက်လာတာပါ"

"ပြီးတော့ တုံ့ပြန်မှုက တကယ်ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ အသင်းသားတွေက တွန်းတွန်းတိုက်တိုက်ကစားတယ်၊ တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပွဲထဲကို အသားစီးရရှိဖို့ တတ်နိုင်သမျှ လုပ်တယ်၊ ချေပဂိုးကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီးနောက် ဆက်ကစားခဲ့ပြီး အဲ့ဒီအချိန်တွင် ကျွန်တော်တို့က အရှိန်အဟုန်နဲ့ ဖိအားပေးလုပ်ခဲ့ပါတယ်။ နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်လည်းရှိပါတယ်။ အဆုံးသတ်မျာတော့ တော်တော်များများက ရှေ့ရောက်ခဲ့ပြီး ကွင်းလယ်က ဟာသွားသလိုဖြစ်ခဲ့ကာ အဲ့ဒီကနေ သူတို့က တန်ပြန်တိုက်စစ်ဆင်သွားခဲ့တာဖြစ်ပါတယ်"

"ဒီရာသီမှာ ကျွန်တော်တို့က နောက်ကျဂိုး မြောက်များစွာ သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲကိုအနိုင်ရဖို့ ဆက်သွားနေမယ်လို့ ယုံကြည်ချက် ကြီးကြီးမားမားရှိခဲ့ပါတယ်" "အခုချိန်မှာတော့ ကျွန်တော်တို့အားလုံး သတိထားသင့်တယ်လို့ ပြောရမှာပါ။ ကျွန်တော်တို့က နောက်သို့ ပြန်ကြည့်ပြီး တိုးတက်ဖို့လိုအပ်နေတဲ့ နေရာကို အကဲဖြတ်နိုင်မယ်ဆိုတာ သေချာပါတယ်" "နောက်ဆုံး မိနစ် ၉၀ ကျော်မှာ ကျွန်တော်တို့ နိုင်ပွဲရဖို့ လုံလောက်အောင် မလုပ်နိုင်ခဲ့ပါဘူး" လို့ ပြောပါတယ်။

ဖူလ်ဟမ်ရဲ့ နာကျင်အချိန်တွင် တန်ပြန်တိုက်စစ်ဆင်ခဲ့တဲ့ ထရာအိုရေးကို ရပ်တန့်ရန်ဖို့ တမင်တကာကို အနီကတ်ရယူကာ တားဆီးဖို့ စဉ်းစားခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ "သူတို့က တက်ကြွနေတဲ့ ကစားသမားတစ်ယောက်ကို ခေါ်လာတာပါ။ သူ့ဆီ ဘောလုံးရောက်သွားတာနဲ့ သူဘာကောင်းလဲဆိုတာ ကျွန်တော်တို့သိတာတော့ တော်တော်ကံကောင်းပါတယ်" "ကျွန်တော်ကိုယ်တိုင် သူ့ကိုဖြတ်ထုတ်လိုက်ဖို့ စဉ်းစားခဲ့ပြီး အဲ့ဒီလိုလုပ်လိုက်ရင် လာမယ့်အပတ်ရဲ့ပွဲကို သေချာပေါက်လွဲချော်မှာဖြစ်ပါတယ်" "အခုလိုပြောဖို့က လွယ်ပေမယ့် ပွဲတစ်ပွဲကို ရှုံးရတာက စိတ်ပျက်စရာပါ။ အသင်းသားတွေက အရာအားလုံးကို ပေးဆပ်ခဲ့ပါတယ်။ ဂိုးရရှိဖို့ ကြိုးစားနေတဲ့အချိန် အသင်းရဲ့ တုန့်ပြန်မှုက ကောင်းမွန်ခဲ့ပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်း ရဲ့ အစပိုင်းတွေမှာ မြန်မြန်လေး စတင်ခဲ့သင့်တယ်လို့ ထင်မိပါတယ်" လို့ မက်ဂွါရီက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #ဖူလ်ဟမ် #ပရီးမီးယားလိဂ်