ရှေ့သို့
Image

ဘယ်လင်ဟမ်ကို စုံစမ်းစစ်ဆေးနေတာ လျော့ကျဖို့ အလိုရှိနေတဲ့ မေဆင်ဂရင်းဝုဒ်

1:23 PM, 27 February

ပြိုင်ပွဲအတွင်း ဘယ်လင်ဟမ်တစ်ယောက် မေဆင်ကို တီးတိုးပြောဆိုခဲ့ပြီးနောက် စပိန်ဘောလုံးအဖွဲ့ချုပ်က အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး ဂရင်းဝုဒ်က အဆိုပါအခြေအနေကို လျော့ကျချင်နေပါတယ်။ ၂ ဦးကြားဖြစ်ပွားခဲ့တာကို လာလီဂါအဖွဲ့ချုပ်ထံ ဂီတာဖေးအသင်းက တင်ပြခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

“ပွဲအပြီးမှာ အဲ့လိုဖြစ်ပျက်ခဲ့တာကို သတင်းရရှိခဲ့ပါတယ်။ ဘယ်လင်ဟမ်တစ်ယောက် မေဆင်ကိုတီးတိုးစွပ်စွဲပြောဆိုခဲ့တာကို လူမှုမီဒီယာမှာတွေ့ခဲ့ရပါတယ်။ သတင်းတော်တော်များများကလည်း အဲ့တာကိုဖော်ပြခဲ့ကြပါတယ်။ သက်သေအနေနဲ့ အဆိုပါဖြစ်ရပ်ကို တင်ပြရမှာပါ”လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။

ဘယ်လင်ဟမ်ဟာ ဂီတာဖေးကစားသမားကို လက်ပစ်ဘောဖြစ်နေချိန်မှာ စွပ်စွဲပြောကြားခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ အင်္ဂလန်သားဟာ နိုင်ငံအသင်းဖော်ကို လူမျိုးရေးခွဲခြားခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ၂၀၂၂ ဇန်နဝါရီတုန်းက မေဆင်ဟာ လိင်ပိုင်းဆိုင်ရာစွပ်စွဲချက်ကြောင့် ဘောလုံးဘဝကနေ အနားယူခဲ့ရတာဖြစ်ပြီး ၂၀၂၃ ဖေဖော်ဝါရီတုန်းကမှပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

စပိန်သတင်းတွေအရ ဘယ်လင်ဟမ်အနေနဲ့ ပြစ်မှုထင်ရှားခဲ့ရင် ၄ ပွဲလောက်အပယ်ခံရနိုင်တယ်လို့ သိရပါတယ်။ The Sun သတင်းဌာနရဲ့အဆိုအရ ဂရင်းဝုဒ်ကတော့ ဘယ်လင်ဟမ်အပြစ်ကနေ လွတ်အောင် စုံစမ်းစစ်ဆေးမှုကို ရပ်တန့်စေချင်တေယ်လို့ ဖော်ပြခဲ့ပါတယ်။

“မေဆင်က ဘယ်လင်ဟမ်အပြစ်ကနေ လွတ်အောင် စုံစမ်းစစ်ဆေးတာကို ရပ်တန့်စေချင်နေပါတယ်။ သူက ပြဿနာကို လူသိရှင်ကြာမဖြစ်ချင်ပဲ ဘောလုံးပဲဆက်ကစားချင်နေပါတယ်။ အဲ့အချိန်တုန်းက သူအရမ်းစိတ်ပျက်ခဲ့ပါတယ်။ ဘယ်လင်ဟမ်လို လူမျိုးဆီကနေ အဲ့လိုမျိုးသူမမျှော်လင့်ထားတာကြောင့်ပါ။ ဒါပေမယ့် သူကဒီလိုမျိုးအမြဲတမ်းပစ်မှတ်ဖြစ်နေမယ်ဆိုတာ သူသိပါတယ်။ ဒါကြောင့် သူအဲ့တာကို လက်ခံပါတယ်။ သူ့အနေနဲ့ နားရေဝဖို့ လိုအပ်တာပါ”လို့ သိရပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့စုံစမ်းစစ်ဆေးရေးကော်မတီကတော့ ဘယ်လင်ဟမ်ရဲ့နှုတ်ခမ်းစစ်ဆေးမှုအဖြေကိုရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ နှုတ်ခမ်းစစ်ဆေးရေးကျွမ်းကျင်ပညာရှင် ဖရီးမန်းကတော့ ဘယ်လင်ဟမ်တစ်ယောက် မေဆင်ကို စွပ်စွဲပြောကြားခဲ့တယ်ဆိုတာ ၉၇% သေချာတယ်လို့ ဆိုပါတယ်။

ပြစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ဖို့ကိုတော့ တရားသူကြီးတွေက ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။ မေဆင်ဟာ လက်ရှိဂီတာဖေး အသင်းမှာ အငှားကစားနေပေမယ့် ရာသီအကုန်မှာ ယူနိုက်တက်ပြန်ဖွယ်မရှိပဲ အသင်းကနေ ထွက်ခွာဖို့ များနေပါတယ်။

လက်ရှိခြေစွမ်းအနေအထားကြောင့် အသင်းတော်တော်များများက စိတ်ဝင်စားနေကြပြီး နွေရာသီမှာ တစ်ခုခုထူးခြားဖွယ်ရှိနေပါတယ်။

#လာလီဂါ #ဂရင်းဝုဒ် #ဘယ်လင်ဂမ်