ရှေ့သို့
Image

ဂျာမနီမှာ ဝါနာကို ဆက်ကြိုးစားဖို့ တိုက်တွန်းခဲ့ဖူးတဲ့ ဆွန်ဟောင်မင်

1:32 PM, 5 March

လွန်ခဲ့တဲ့ ၂ နှစ်အတွင် တော့တင်ဟမ်စတား ဝါနာရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးအတွက်က ပြောစရာတွေ အများကြီးရှိခဲ့ပါတယ်။

တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပဲလေ့စ်အား ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဝါနာက တော့တင်ဟမ် အတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။ အရင်က ချဲလ်ဆီးမှာ ကစားခဲ့ဖူးတဲ့ ဝါနာဟာ လိုက်ပ်ဇစ်ကနေ တော့တင်ဟမ်သို့ရောက်လာပြီးနောက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်လိုက်ပြီဖြစ်ပါတယ်။

ပွဲအပြီးနောက် အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က "တီမို့အတွက် အရမ်းကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အသင်းအတွက် သူက အများကြီးကူညီပေးနိုင်ခဲ့ပါတယ်" "တိုက်စစ်ကစားသမားတစ်ဦးအနေနဲ့ ဒီလိုမျိုးကို ဂိုးကန်သွင်းချက်တွေကို လွဲချော်ခဲ့မယ်ဆိုရင် အနည်းငယ်လောက်တော့ စိတ်ဓာတ်ကျမိမှာပါ။ ချေပဂိုးအတွက် သွင်းယူရာတွင် သူပြသခဲ့တဲ့ခြေစွမ်းကြောင့် သူ့မှာ အလားအလာကောင်းတွေ အများကြီးရှိနေပြီး ဂျာမနီမှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်"

"ဗီလာမှာ ကြီးမားတဲ့ပွဲတစ်ပွဲဖြစ်လာဦးမှာပါ၊ အခြေအနေမျိုးစုံအတွက် ကျွန်တော်တို့က အဆင်သင့်ဖြစ်နေရမှာပါ။ သူတို့အသင်းက အရမ်းကိုတောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး အကောင်းဆုံးလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီပွဲအတွက် အဆင်သင့်ဖြစ်နေဖို့လိုသော်လည်း ပွဲကြီးပွဲကောင်းရှိတဲ့အခါ အမြဲတမ်း စိတ်လှုပ်ရှားနေမှာပါ" လို့ ပြောပါတယ်။

#တော့တင်ဟမ် #ဝါနာ #ဆွန်ဟောင်မင် #ပရီးမီးယားလိဂ်