ရှေ့သို့
Image

ဂရင်းဝုဒ်ကို ခေါ်ယူဖို့ လက်လျှော့သွားခဲ့တဲ့ ဘာစီလိုနာ

12:45 PM, 14 March

မေဆင်ဂရင်းဝုဒ်အားခေါ်ယူဖို့ အလားအလာရှိနေတဲ့အသင်းတွေဟာ ကစားသမားရဲ့ အတိတ်ရာဇ၀တ်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေတာဖြစ်ကာ ဘာစီလိုနာကလည်း သူ့ကိုခေါ်ယူဖို့ ဝေးကွားနေတာဖြစ်ပါတယ်။ ESPN ရဲ့ အဆိုအရ ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်ခေါ်ယူရေးအဖွဲ့ဟာ ဥရောပတစ်ဝှမ်းမှာ အပြောင်းအရွှေ့တွေကို စောင့်ကြည့်နေပြီး ဂရင်းဝုဒ်ရဲ့ အနာဂတ်အတွက် သတင်းတွေ ထွက်လာပြီဖြစ်ပါတယ်။

ဘာစီလိုနာနှင့် အက်သလက်တီကိုမက်ဒရစ်တို့ဟာ ဂရင်းဝုဒ်ကို ချိတ်ဆက်မှုများရှိသော်လည်း အင်္ဂလန် တိုက်စစ်မှုးအတွက် အလားအလာရှိတဲ့ အသင်းတွေကို ရှာဖွေဖို့က ခက်ခဲနေတာဖြစ်ပါတယ်။ ဂရင်းဝုဒ်ရဲ့ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုနှင့် အတင်းအကြပ် ချုပ်ကိုင်မှု အစရှိတဲ့ စွဲချက်များ ရုပ်သိမ်းခံခဲ့ရတာက တစ်နှစ်ကျော်သာ ရှိသေးပြီး ယူနိုက်တက်က ကစားသမားရဲ့ အပြုအမူနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ အပြီးစက်တင်ဘာလတွင် ဂီတာဖေးသို့ အငှားဖြင့် စေလွှတ်ခဲ့ပါတယ်။

အသင်းရဲ့ရှယ်ယာရှင်ဖြစ်လာတဲ့ ဆာဂျင်မ်ရက်ဖ်ကလစ်ဟာ အသက် ၂၂ နှစ်အရွယ် ဂရင်းဝုဒ်အတွက် ပြန်လာမှုအတွက် ငြင်းဆိုထားခြင်းမရှိသော်လည်း အပြီးသတ်ထွက်ခွာဖို့က အလားအလာအရှိကြောင်း ESPN မှဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်တွင် စာချုပ်သက်တမ်း ၂၀၂၅ တွင် သက်တမ်း ကုန်ဆုံးမယ့် အင်္ဂလန်လက်ရွေးစင်အတွက် ပေါင်သန်း ၄၀ (ဒေါ်လာ ၅၁ သန်း) ခန့် တောင်းဆိုဖွယ်ရှိကြောင်း သတင်းမှာဖော်ပြထားပါတယ်။

ဂရင်းဝုဒ်သည် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတို့ဖြင့် ဖမ်းဆီးခံရပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီကတည်းက ယူနိုက်တက်တွင် ပါဝင်ကစားခြင်း မရှိပါဘူး။ အဲဒီစွပ်စွဲချက်တွေကို ပယ်ချပြီးနောက် ယူနိုက်တက်ကနေ ဂီတာဖေးကို တစ်ရာသီအငှားနဲ့ မပြောင်းခင် တစ်ဦးတည်း လေ့ကျင့်မှုများပြုလုပ်ခဲ့ပါတယ်။

အဆိုပါလူငယ်လေးဟာ ယခုအချိန်အထိ လာလီဂါအသင်းအတွက် ၂၆ ပွဲကစား ၈ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဘာစီလိုနာနှင့် ချိတ်ဆက်မှုများရှိနေသော်လည်း စပိန်ချန်ပီယံတွေဟာ ကစားသမားကို ခေါ်ယူဖို့အတွက် ဝေးကွာသွားပြီဖြစ်ပါတယ်လို့ ESPN က ဖော်ပြထားပါတယ်။ စနေနေ့မှာ အမှတ်ပေးဇယားရဲ့ထိပ်ပိုင်းမှာရှိနေတဲ့ ဂီရိုနာနှင့်ပွဲမှာ ဂရင်းဝုဒ်က ဂီတာဖေးအတွက် ပါဝင်ကစားဖွယ်ရှီနေပါတယ်။

နိုင်ငံတကာပွဲစဉ်များအပြီးမှာတော့ ဂီတာဖေးဟာ မတ်လ ၃၀ ရက်နေ့အတွင် ဆီဗီလာနှင့် ကစားရမှာဖြစ်ပါတယ်။

#လာလီဂါ #မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #ဂီတာဖေး #ဂရင်းဝုဒ်