ရှေ့သို့
Image

ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) မှ ဘန်လေ - ဘရန့်ဖို့ဒ် ပွဲကြိုခန့်မှန်းချက် (ည ၉း၃၀)

2:53 PM, 16 March

ဘန်လေ ဒဏ်ရာရလူစာရင်း - ရမ်ဆေး၊ ရက်မွန်၊ ဖော်စတာ၊ ကိုလီအိုရှို၊ ဘေယာ(သေချာပေါက်လွဲ)
ဘရန့်ဖို့ဒ် ဒဏ်ရာရလူစာရင်း ​- ဒါဆေးလ်ဗား၊ ဟင်နရီ၊ ဘန်မီး၊ ဟစ်ကီ၊ ကီဗင်ရှိတ်၊ ပင်နော့၊ အမ်ဘွေမို(သေချာပေါက်လွဲ)၊ နော်ဂတ်၊ ရီဂူလွန်(မသေချာ)

ဘန်လေအသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ နောက်ကျချေပဂိုးပေးလိုက်ရလို့သာ သရေကျခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ကာ ၄ပွဲဆက်ရှုံးပွဲတွေ့နေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကလည်း အာဆင်နယ်ကို အကောင်းဆုံး ပိတ်ဆို့ကစားနိုင်ခဲ့ပေမယ့် ဟားဗက်ဇ်ရဲ့နောက်ကျဂိုးကြောင့် အမ်းမရိတ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ တန်းဆင်းဇုန်နားကအသင်းနဲ့ တန်းဆင်းဇုန်နားကပ်နေတဲ့ အသင်းတို့ ထိပ်တိုက်ရင်ဆိုင်ရာမှာ တိုက်စစ်ဖွင့်ကစားလာနိုင်လို့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားနိုင်ပါတယ်။


ဘန်လေ - ဘရန့်ဖို့ဒ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
------------------------------------------------------------
ဘရန့်ဖို့ဒ် ၃ - ၀ ဘန်လေ (၂၁-အောက်တိုဘာ-၂၀၂၃)
ဘရန့်ဖို့ဒ် ၂ - ၀ ဘန်လေ (၁၂-မတ်-၂၀၂၂)
ဘန်လေ ၃ - ၁ ဘရန့်ဖို့ဒ် (၃၀-အောက်တိုဘာ-၂၀၂၁)
ဘရန့်ဖို့ဒ် ၁ - ၃ ဘန်လေ (၁၆-ဇန်နဝါရီ-၂၀၁၆)
ဘန်လေ ၁ - ၀ ဘရန့်ဖို့ဒ် (၂၂-သြဂုတ်-၂၀၁၅)
.
ဘန်လေ နောက်ဆုံး (၅) ပွဲရလဒ်
---------------------------
ဝက်စ်ဟမ်း ၂ - ၂ ဘန်လေ (၁၀-မတ်-၂၀၂၄)
ဘန်လေ ၀ - ၂ ဘုန်းမောက် (၃-မတ်-၂၀၂၄)
ပဲလေ့စ် ၃ - ၀ ဘန်လေ (၂၄-ဖေဖော်ဝါရီ-၂၀၂၄)
ဘန်လေ ၀ - ၅ အာဆင်နယ် (၁၇-ဖေဖော်ဝါရီ-၂၀၂၄)
လီဗာပူး ၃ - ၁ ဘန်လေ (၁၀-ဖေဖော်ဝါရီ-၂၀၂၄)
.
ဘရန့်ဖို့ဒ် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------
အာဆင်နယ် ၂ - ၁ ဘရန့်ဖို့ဒ် (၁၀-မတ်-၂၀၂၄)
ဘရန့်ဖို့ဒ် ၂ - ၂ ချဲလ်ဆီး (၂-မတ်-၂၀၂၄)
ဝက်စ်ဟမ်း ၄ - ၂ ဘရန့်ဖို့ဒ် (၂၇-ဖေဖော်ဝါရီ-၂၀၂၄)
မန်စီးတီး ၁ - ၀ ဘရန့်ဖို့ဒ် (၂၁-ဖေဖော်ဝါရီ-၂၀၂၄)
ဘရန့်ဖို့ဒ် ၁ - ၄ လီဗာပူး (၁၇-ဖေဖော်ဝါရီ-၂၀၂၄)

#ပွဲကြိုသုံးသပ်ချက် #ဘန်လေ #ဘရန့်ဖို့ဒ် #ပရီးမီးယားလိဂ်