ရှေ့သို့
Image

လာလီဂါပွဲစဉ် (၂၉) ဗီလာရီးရဲလ်-ဗလန်စီယာ ပွဲကြိုခန့်မှန်းချက် (ည ၉:၄၅)

7:20 AM, 17 March

ဒဏ်ရာရပွဲပယ်

------------

ဗီလာရီးရဲလ် -အယ်လ်ဘာတိုမော်ရီနို(ပွဲပယ်ပြစ်ဒဏ်)၊ ပီနို၊ တာရက်စ်၊ ပီဒရာဇာ(သေချာပေါက်လွဲ)၊ ဂျူအန်ဖွိုက်စ်(မသေချာ)

ဗလန်စီယာ - ဂွီလာမွန်(ပွဲပယ်ပြစ်ဒဏ်)၊ အီအာခါဘီ(သေချာပေါက်လွဲ)


ယူရိုပါလိဂ်မှ ထွက်ခွာလာရတဲ့ ဗီလာရီးရဲလ်တို့ ဥရောပဝင်ခွင့်အတွက် ပြည်တွင်းလိဂ်ပွဲစဉ်တွေကိုပဲ  အာရုံစိုက်ရပါတော့မယ်။ ဗီလာရီးရဲလ်က နောက်ဆုံးခြောက်ပွဲဆက် ပေးဂိုးတွေ ခွင့်ပြုပေးနေရပေမယ့် တိုက်စစ်ပိုင်းကတော့ သွင်းဂိုးတွေ အများအပြားရှာဖွေနိုင်ပြီး ပုံစံကောင်းပြသနေပါတယ်။ ဗလန်စီယာကလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ဂီတာဖေးကို အနိုင်ရရှိပြီး အမှတ်ပေးဇယားအလယ်နားမှာ ရပ်တည်နေပါတယ်။ ဗလန်စီယာအတွက် အခုပွဲစဉ်မှာ ရမှတ်အပြည့်ရှာဖွေနိုင်မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးဆယ်သင်းစာရင်းဆီ ဝင်ရောက်လာနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ လတ်တလောပုံစံကောင်းပြသနေတဲ့အသင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်မှာ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရနိုင်တယ်။

.

ဗီလာရီးရဲလ် - ဗလန်စီယာ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

------------------------------------------------

ဗလန်စီယာ ၃ - ၁ ဗီလာရီးရဲလ် (၃-ဇန်နဝါရီ-၂၀၂၄)

ဗလန်စီယာ ၁ - ၁ ဗီလာရီးရဲလ် (၄-မေ-၂၀၂၃)

ဗီလာရီးရဲလ် ၂ - ၁ ဗလန်စီယာ (၃၁-ဒီဇင်ဘာ-၂၀၂၂)

ဗီလာရီးရဲလ် ၂ - ၀ ဗလန်စီယာ (၂၀-ဧပြီ-၂၀၂၂)

ဗလန်စီယာ ၂ - ၀ ဗီလာရီးရဲလ် (၃၀-အောက်တိုဘာ-၂၀၂၁)

.

ဗီလာရီးရဲလ် နောက်ဆုံး (၅) ပွဲရလဒ်

---------------------------------

ဗီလာရီးရဲလ် ၃ - ၁ မာဆေးလ် (၁၅-မတ်-၂၀၂၄)

ဘက်တစ် ၂ - ၃ ဗီလာရီးရဲလ် (၁၁-မတ်-၂၀၂၄)

မာဆေးလ် ၄ - ၀ ဗီလာရီးရဲလ် (၈-မတ်-၂၀၂၄)

ဗီလာရီးရဲလ် ၅ - ၁ ဂရန်နာဒါ (၃-မတ်-၂၀၂၄)

ဆိုစီဒက် ၁ - ၃ ဗီလာရီးရဲလ် (၂၄-ဖေဖော်ဝါရီ-၂၀၂၄)

.

ဗလန်စီယာ နောက်ဆုံး (၅) ပွဲရလဒ်

----------------------------------

ဗလန်စီယာ ၁ - ၀ ဂီတာဖေး (၉-မတ်-၂၀၂၄)

ဗလန်စီယာ ၂ - ၂ ရီးရဲလ်မက်ဒရစ် (၃-မတ်-၂၀၂၄)

ဗလန်စီယာ ၀ - ၀ ဆီဗီလာ (၁၈-ဖေဖော်ဝါရီ-၂၀၂၄)

လက်စ်ပါးမား ၂ - ၀ ဗလန်စီယာ (၁၁-ဖေဖော်ဝါရီ-၂၀၂၄)

ဗလန်စီယာ ၂ - ၁ အယ်လ်မီရီယာ (၃-ဖေဖော်ဝါရီ-၂၀၂၄)


#လာလီဂါ #ပွဲကြိုသုံးသပ်ချက် #ဗလန်စီယာ #ဗီလာရီးရဲလ်