ရှေ့သို့
Image

နော်တင်ဟမ်ဖောရက်စ်စတားကို အပြိုင်စိတ်ဝင်စားနေကြတဲ့ အာဆင်နယ်၊ ချဲလ်ဆီးနှင့် လီဗာပူး

1:04 PM, 21 March

အာဆင်နယ်၊ ချဲလ်ဆီးနှင့် လီဗာပူးတို့ဟာ တန်းဆင်းဇုန်မှာရှိနေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ကစားသမား မူရီလိုကို စိတ်ဝင်စားနေကြပါတယ်။

ပရီးမီးယားလိဂ်က ချမှတ်ထားတဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် တနင်္လာနေ့မှာ ဖောရက်စ်ဟာ ၄ မှတ် လျော့ချခံလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့် နူနိုဆန်းတို့စ်ရဲ့ အသင်းဟာ တန်းဆင်းဇုန်သို့ရောက်သွားပြီး ၉ ပွဲကစားရန် ကျန်ရှိနေတဲ့အချိန်မှာ အဆင့် ၁၇ က လူတန်တောင်နှင့် ၁ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။

အဆိုပါ ပြစ်ဒဏ်အတွက် ဖောရက်စ်ဟာ အယူခံဝင်မှာဖြစ်သော်လည်း နောက်ထပ် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ နွေရာသီမှာ ကစားသမားတွေကို ရောင်းချရတော့မှာဖြစ်ပါတယ်။ တန်ကြေးအရှိဆုံး ကစားသမားကတော့ ပြီးခဲ့တဲ့ရာသီက ကိုရင်သီယန်ကနေ ပေါင် ၁၅ သန်းဖြင့် ပြောင်းရွှေ့လာတဲ့ မူရီလိုပဲဖြစ်ပါတယ်။

စီးတီးဂရောင်းသို့ရောက်လာကတည်းက အဆိုပါခံစစ်မှူးဟာ အသင်းရဲ့ပွဲစဉ်တိုင်းကို ပါဝင်ကစားခဲ့ပြီး ဖောရက်စ်ရဲ့ အက်ဖ်အေဖလား ၄ ပွဲစလုံးမှာ ပါဝင်ခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်အထိဖြစ်ပြီး သူ့ကိုရောင်းချဖို့အတွက်က ဖောရက်စ်ရဲ့ ချန်ပီယံရှစ်သို့ တန်းဆင်းဖို့ မဆင်းဖို့ အပေါ် အများကြီးမူတည်နေတာဖြစ်ပါတယ်။
သူ့ကို အရောင်းစာရင်း တင်လိုက်မယ်ဆိုရင် ဝယ်ယူချင်တဲ့ အသင်းတွေက များနေမှာဖြစ်ပြီး Daily Mail ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်အသင်းတော်တော်များများနဲ့ ဥရောပတစ်လွှားရှိ ကလပ်တွေက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးနှင့် နယူးကာဆယ်တို့ဟာ ခံစစ်မှူးရဲ့ စွမ်းဆောင်ရည်ကိုစောင့်ကြည့်နေသလို ဘာစီလိုနာနှင့် ပီအက်စ်ဂျီတို့ကလည်း စောင့်ကြည့်နေကြပါတယ်။ အနည်းဆုံးတော့ ဖောရက်စ်စတားတွေထဲက တစ်ဦးကိုရောင်းချရမှာဖြစ်ပြီး နောက်ထပ် စည်းမျဉ်းချိုးဖောက်မှုကို ရှောင်ရှားနိုင်ဖို့ ကစားသမား ရောင်းချမှုကနေ အမြတ်ငွေ ပေါင်သန်း ၃၀ ရရှိဖို့ လိုအပ်နေကြောင်း The Timesက ဖော်ပြထားပါတယ်။

အဓိက ကွင်းလယ်ကစားသမားဖြစ်တဲ့ မော်ဂန်ဂစ်ဘ်ဝှိုက်၊ တိုက်စစ်မှူး တိုင်ဝိုအာဝိုနီရီတို့ကလည်း အရောင်းစာရင်းမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

#မူရီလို #ချဲလ်ဆီး #အာဆင်နယ် #အပြောင်းအရွှေ့ #နောတင်ဟမ်ဖောရက်စ်