ရှေ့သို့
Image

နှလုံးစစ်ဆေးပြီးနောက် ဘောလုံးဆက်ကစားနိုင်တော့မယ့် ကန်ဆယ်လို

1:14 PM, 21 March

ဘာစီလိုနာနောက်ခံလူ ကန်ဆယ်လိုတစ်ယောက် နှလုံးစစ်ဆေးမှုခံယူခဲ့ပြီးနောက် ဘောလုံးဆက်ကစားနိုင်တော့မယ်လို့ သိရပါတယ်။

ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့အက်သလက်တီကိုအသင်းကို အနိုင်ရခဲ့တဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပြီး နှလုံးစစ်ဆေးမှုခံယူခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာက အဆိုပါစစ်ဆေးမှုကို တာဝန်ယူခဲ့တာဖြစ်ပြီး အားလုံးအဆင်ပြေခဲ့ပြီဖြစ်တာကြောင့် ကန်ဆယ်လိုတစ်ယောက် ဘောလုံးဆက်ကစားနိုင်တော့မှာဖြစ်ပါတယ်။

အဆိုပါသတင်းဟာ ကန်ဆယ်လို နဲ့ ဘာစီလိုနာအတွက် သတင်းဆိုးတစ်ခုဖြစ်ခဲ့ပေမယ့် အခုချိန်မှာ အားလုံးအဆင်ပြေခဲ့တာကြောင့် ကစားသမားက ပေါ်တူဂီအသင်းနဲ့ ချိတ်ဆက်နေပြီလို့ သိရပါတယ်။ ပေါ်တူဂီအသင်းဟာ လာမယ့်ကြာသပတေးနေ့မှာ ဆွီဒင်နဲ့ကန်ရမှာဖြစ်ပြီး အဲ့နောက် အင်္ဂါနေ့မှာ ဆလိုဗေးနီးယားနဲ့ကန်ရမှာဖြစ်ပါတယ်။

နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ကန်ဆယ်လိုဟာ ဘာစီလိုနာထံ ပြန်လာမှာဖြစ်ပြီး ရီးရဲလ်၊ ပီအက်စ်ဂျီတို့နဲ့ပွဲတွေ အတွက် ပြင်ဆင်ရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကန်ဆယ်လို