ရှေ့သို့
Image

နော်ဝေအသင်းနဲ့ လေ့ကျင့်ခန်းဆင်းရင်း ဒဏ်ရာ ရရှိခဲ့တဲ့ အာလင်းဟာလန်း

9:49 AM, 22 March

နော်ဝေတိုက်စစ်မှူး ဟာလန်းတစ်ယောက် အသင်းနဲ့လေ့ကျင့်ခန်းဆင်းရင်းဒဏ်ရာ ရရှိခဲ့ပေမယ့် သတင်းစာရှင်းပွဲမှာ သူ့အနေနဲ့ နိုင်ငံအတွက်ကစားဖို့ အဆင်ပြေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဟာလန်းဟာ ဒဏ်ရာကြောင့် လေ့ကျင့်ခန်း အစီအစဉ်ကနေ နုတ်ထွက်ခဲ့တယ်ဆိုတာကို ငြင်းဆန်ခဲ့ပြီး ဂွါဒီယိုလာက နိုင်ငံအသင်းထံမသွားခင် သူ့ကစားသမားတွေကို သတိပေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အဆင်ပြေပါတယ်။ ပွဲကန်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ လေ့ကျင့်ခန်းကနေ မထွက်ခွာခဲ့ပါဘူး။ ဘယ်သူရေးလဲဆိုတာတော့ မသိပါဘူး။ ကျွန်တော် လေ့ကျင့်ခန်းအပြည့်အဝဆင်းခဲ့ပါတယ်။ ပက်ကတော့ နိုင်ငံအသင်းကနေ လန်းလန်းဆန်းဆန်းမပြန်လာရင် သူနဲ့တွေ့မယ်လို့ ပြောခဲ့ပါတယ်”လို့ ဟာလန်းက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ နိုဝင်ဘာလတုန်းက နော်ဝေအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး ယူရို ၂၀၂၄ ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရက်အနည်းငယ်အကြာမှာ လီဗာပူး အသင်းနဲ့ပွဲအတွက် မန်စီးတီးအသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။

“သူက အခုချိန်ကနေစပြီး ကျွန်တော့်ကစားသမား မဟုတ်တော့ပါဘူး။ သူတို့ကပဲ အဆင်ပြေလားဆိုတာ ဆုံးဖြတ်မှာပါ။ သူတို့အခြေအနေအားလုံးသိပါတယ်။ ပြန်ရောက်လာရင် အာရုံစိုက်ရမယ့်အရာတွေကို လုပ်ဆောင်ရပါမယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ဒီရာသီမှာ ပွဲဦးထွက်ရာသီတုန်းကထက် သွင်းဂိုးတွေကျဆင်းနေပေမယ့် ၁၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဟာလန်းရဲ့နော်ေ၀ အသင်းဟာ ချက်၊ ဆလိုဗက်ကီးယားတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အဲ့နောက် မတ်လ ၃၁ ရက်နေ့မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာတော့ ရီးရဲလ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#နော်ဝေ #ဟာလန်း