ရှေ့သို့
Image

အင်္ဂလန်ရဲ့ခြေစမ်းပွဲများ မတိုင်မီ ဟယ်ရီကိန်းရဲ့ဒဏ်ရာအခြေအနေနှင့် ပတ်သက်ပြီး ဟောကိန်းထုတ်လိုက်တဲ့ ဂယ်ရီနဗီးလ်

12:31 PM, 22 March

ကိန်းဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ နောက်ဆုံးပွဲစဉ်များအတွက် ပြင်ဆင်မှုများလုပ်နေတာကြောင့် အင်္ဂလန်အသင်းရဲ့ ခြေစမ်းပွဲတွေမှာ ၁ ပွဲသာ ဝင်ရောက်ကစားမှာဖြစ်ပါတယ်လို့ နဗီးလ်က ပြောကြားလိုက်ပါတယ်။

မတ်လမှာ ကစားမယ့် နိုင်ငံကကာပွဲစဉ်များအတွက် ကမ္ဘာတစ်လွှားရှိ ကလပ်တွေအားလုံးဟာ ရာသီပိတ်သိမ်းဖို့ ၂ လပဲကျန်ရှိတော့တဲ့အချိန်မှာ ကစားသမားတွေကို သက်ဆိုင်ရာလက်ရွေးစင်အသင်းများထံ စေလွှတ်ထားရတာဖြစ်ပါတယ်။ နိုင်ငံကတာပွဲများ ကစားစေတဲ့ အချိန်ဇယားကို နဗီးလ်က ဝေဖန်လိုက်ပြီး လက်ရှိရာသီ ပြိုင်ပွဲစုံမှာ ၃၇ ဂိုးသွင်းယူထားတဲ့ ကိန်းဟာ ဘိုင်ယန်မြူးနစ်ရဲ့  ချန်ပီယံလိဂ်ဖလားရရှိမှုအတွက် အရေးကြီးပြီး အင်္ဂလန်ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ပွဲကို လွဲချော်နိုင်ကြောင်း ခန့်မှန်းချက်ပြုလုပ်လိုက်ပါတယ်။

"ကိန်းက ဒုတိယပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူးလို့ ကျွန်တော်ထင်ပါတယ်။ တစ်က တစ်ပွဲလောက်ပဲ ပါဝင်ကစားနိုင်ပါတယ်" လို့ နဗီးလ်က Stick to Football podcast တွင် ပြောကြားလိုက်ပါတယ်။

"ဟာလန်းနဲ့ ဒီဘရိုင်းတို့နှင့် ပတ်သက်ပြီး ကျွန်တော်ပြောချင်ပါတယ်။ ဒါကိုလွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက ကျွန်တော်ပြောခဲ့တာပါ။ မတ်လမှာ ကစားသမားတွေ နှုတ်ထွက်တာတွေ ရှိလာမှာဖြစ်ပြီး မန်စီးတီးရဲ့ အကောင်းဆုံး ကစားသမား ၂ ဦးကလည်း နှုတ်ထွက်သွားပြီဖြစ်ပါတယ်။ ဒါဟာ ဆုဖလားအတွက်ပြိုင်နေတဲ့အချိန်မှာ ပြုလုပ်တဲ့ ဆိုးရွားလှတဲ့ နိုင်ငံတကာပွဲအချိန်ဇယားကြောင့်ဖြစ်ပါတယ်။ ဒီဇင်ဘာ ဒါမှမဟုတ် ဩဂုတ်လလောက်မှာ ကစားမယ်ဆိုရင် ဒီလိုဖြစ်မယ်လို့ ကျွန်တော်မထင်ပါဘူး" လို့ နဗီးလ်က ပြောပါတယ်။

ဒီဘရိုင်းဟာ ပေါင်ခြံဒဏ်ရာကြောင့် မန်စီးတီးရဲ့ နယူးကာဆယ်နှင့် ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကိုလွဲချော်ခဲ့ပြီး အိုင်ယာလန်၊ အင်္ဂလန်တို့နှင့် ကစားမယ့် ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းရဲ့ လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ ဟာလန်းကလည်း နော်ဝေနှင့်လေ့ကျင့်ရေးမှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်သော်လည်း ခြေစမ်းပွဲများအတိုင်မီ အသင်းနှင့်အတူရှိနေတာဖြစ်ပါတယ်။ ဆုဖလားပြိုင်ဆိုင်မှုအတွက် အကောင်းမွန်နေဖို့အတွက် သူနဲ့ သူ့ရဲ့ယူနိုက်တက် ကစားသမားတွေဟာ လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်ရမယ်လို့ နဗီးလ်က ပြောကြားထားပါတယ်။

"ဖာဂူဆန်လက်ထက်တုန်းက မတ်လမှာကစားမယ့် နိုင်ငံတကာပွဲစဉ်တွေမှာဆိုရင် အသင်းရဲ့ကစားသမားတွေကို လွှတ်လေ့မရှိတာကြောင့် ကျွန်တော်ဟာ အမြဲတမ်းအဲ့ဒီအကြောင်းကို စဉ်းစားမိပါတယ်။ ဒီလိုအချိန်မှာ ကစားတဲ့ ပွဲတွေကို ဆာအဲလက်စ်က မုန်းတီးပါတယ်။ သင့်တော်တဲ့ ခြေစစ်ပွဲဆိုရင် နည်းပြနဲ့ ကျွန်တော်တို့ ကစားရတာက ပြဿနာမဟုတ်ပါဘူး၊။ ဒါပေမဲ့ မတ်လမှာ ခြေစမ်းပွဲလုပ်ရင်တော့ သူပါဝင်မှာမဟုတ်ပါဘူး"လို့ နဗီးလ်က ပြောပါတယ်။

#အင်္ဂလန် #ဟယ်ရီကိန်း #ဂယ်ရီနဗီးလ် #ခြေစမ်းပွဲ