ရှေ့သို့
Image

ကတ်စ်မဲရိုးနေရာမှာ အစားထိုးဖို့အတွက် ပေါင် သန်း ၄၀ တန် ဝုဗ်ကြယ်ပွင့်ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

12:39 PM, 22 March

ရီးရဲလ်မက်ဒရစ်စူပါစတားဟောင်းဟာ အံ့အသင့်စရာ အပြောင်းအရွှေ့အပြီး ပြီးခဲ့တဲ့ရာသီက အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းပြသခဲ့သော်လည်း လက်ရှိရာသီမှာတော့ ရုန်းကန်နေရတာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ တနင်္ဂနွေနေ့က လီဗာပူးနှင့် အက်ဖ်အေဖလား ပွဲစဉ်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဝုဗ်သို့ ပြောင်းရွေ့လာခဲ့တဲ့ ဂိုမက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်ထားနိုင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၈ လအတွင်း ရူဗန်နေးဗက်စ်၊ မော်တင်ဟိုနှင့် မက်သီးယက်စ်နူနက်စ်တို့ဟာ ဝုဗ်ကနေ ထွက်ခွာသွားခဲ့တာဖြစ်ပြီး အသင်းရဲ့ တာဝန်တွေအားလုံးက သူ့အပေါ် ရောက်သွားတာဖြစ်ပါတယ်။ Mirror ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အသက် ၂၃ နှစ်အရွယ် ကစားသမားကို စောင့်ကြည့်နေပြီး နွေရာသီမှာ ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဝုဗ်ကလည်း သူတို့ရဲ့ ကစားသမားကို အခြားအသင်းတွေက စိတ်ဝင်စားနေတာကို သတိထားမိနေပြီး အစားထိုးဖို့အတွက် ရှာဖွေနေပြီဖြစ်ပါတယ်။ အသင်းအား ပြန်လည်တည်ဆောက်ဖို့ ရှယ်ယာရှင်အသစ် ဆာဂျင်မ်ရက်ဖ်ကလစ်ရဲ့ လက်အောက်တွင် ယူနိုက်တက်ရဲ့သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ဂိုးမက်ဇ်က ကိုက်ညီနေတာဖြစ်ပါတယ်။

ဗြိတိန်ဘီလီယံနာနှင့် သူ့ရဲ့အဖွဲ့ဝင်တွေဟာ အသင်းအား မြေလှန်လိုနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်မှာတုန်းက အင်တာဗျူးမှာ သူ့ရဲ့အမြင်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ဖြေရှင်းချက်ကတော့ နာမည်ကြီးကစားသမား ၂ ဦးလောက်အပေါ် ငွေကြေးအများကြီးသုံးဖို့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အသင်းက ဒီလိုမျိုးတွေ လုပ်ဆောင်ခဲ့တာပါ" "ကျွန်တော်တို့ ပထမဆုံးလုပ်ရမှာက ကလပ်ကို စီမံခန့်ခွဲပြီး မှန်ကန်သင့်လျော်တဲ့ ကစားသမားတွေကို ခေါ်ယူပြီး မှန်ကန်အောင် သေချာအောင်လုပ်ရမှာဖြစ်ပါတယ်။ ဒါဟာ ယနေ့ခေတ် ဘောလုံးအသင်း တစ်သင်းကို လည်ပတ်ဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကစားသမားသစ် ရှာဖွေခြင်းဖြစ်ပါတယ်" "မှန်ကန်တဲ့အဖွဲ့အစည်းပုံစံဖြစ်ဖို့ လိုပါတယ်။ ဆာအဲလက်စ် ဖာဂူဆန် လက်ထက်မှာ သူက နည်းပြပါ။ ဒီနေ့ခေတ်မှာ အဲ့ဒီလိုနည်းပြမျိုး ကျွန်တော်တို့မှာ မရှိဘူး။ အဲ့လိုနည်းပြက တစ်ယောက်တည်းသာရှိတာပါ။ ပြီးတော့ နည်းပြက အားကစားဒါရိုက်တာကို သတင်းပို့ပြီး အမှုဆောင်ချုပ်ကို ပြောကြားရမှာပါ" "ကစားသမားသစ်ခေါ်ယူရေးနဲ့ နည်းဗျူဟာကို ချမှတ်ရမှာပါ။ အဖွဲ့အစည်းကို မှန်ကန်အောင်လုပ်ပြီး အသင်းမှာ အကောင်းဆုံး လူတွေနဲ့ ဖြည့်သွင်းဖို့ လိုပါတယ်" လို့ ရက်ဖ်ကလစ်က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝုဗ် #အပြောင်းအရွှေ့ #ကတ်စ်မဲရိုး