ရှေ့သို့
Image

မန်စီးတီးအား ဘယ်လိုအနိုင်ယူရမလဲဆိုတာ အာဆင်နယ်ကို အကြံပေးလိုက်တဲ့ ဂယ်ရီနဗီးလ်

10:07 AM, 23 March

မတ်လ ၃၁ ရက်နေ့မှာ အာဆင်နယ်ဟာ ဆုဖလားပြိုင်ဆိုင်မှုရဲ့ ပထမဆုံးပွဲစဉ်အဖြစ် အီတီဟက်သို့ သွားရောက် ကစားရမှာဖြစ်ပါတယ်။ ၁၀ ပွဲကစားရန် ကျန်ရှိနေတဲ့အချိန်မှာ မန်စီးတီးဟာ အာဆင်နယ်၊ လီဗာပူးတို့နှင့် ၁ မှတ်ကွာအနေအထားမှာရှိနေတာဖြစ်ပါတယ်။

ကစားသမားတစ်ဦးကိုသာ လူကပ်ကစားမယ်ဆိုရင် မန်စီးတီးကိုအနိုင်ရရှိဖို့ အာဆင်နယ်အတွက် အခွင့်အရေးပိုသာသွားမယ်လို့ နဗီးလ်က ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ကစားသမားဟောင်း နဗီးလ်က ဂွါဒီယိုလာရဲ့အသင်းမှာ ရိုဒရီရဲ့ လွှမ်းမိုးနိုင်မှုကို ထောက်ပြပြောကြားလိုက်ပါတယ်။

Stick to Football podcast သို့ နဗီးလ်က "ဘယ်သူ့ကိုလူကပ်ကစားရမလဲဆိုတာကို သိပါသလား။ အဲ့ဒီသူက ရိုဒရီပါပဲ" "သူ့ကို ရပ်တန့်ဖို့အတွက် ကစားသမားတစ်ဦးက အမြဲတမ်းရှိနေသင့်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ မန်စီးတီမှာ ရိုဒရီ ရပ်တန့်တားဆီနိုင်မယ်ဆိုရင် အားလုံးရပ်တန့်တားဆီးရမယ်လို့ ပြောတာမဟုတ်ပါဘူး အများကို ရပ်တန့်သွားမှာပါ" "ရိုဒရီကို တားဆီးနိုင်မယ်ဆိုရင် အများကြီးကို တားဆီးပြီးသားဖြစ်မှာပါ။ အသင်းရှိ သူ့ရဲ့လွှမ်းမိုးနိုင်မှုက မယုံကြည်နိုင်စရာပါပဲ။ အားလုံးအတူ သူက တွဲဖက်ကစားပေးနိုင်ပါတယ်"လို့ ပြောပါတယ်။

လက်ရှိရာသီ မန်စီးတီးအတွက် စပိန်နိုင်ငံသားဟာ အဓိက ကစားသမားတစ်ဦးဖြစ်နေပြီး ကွင်းလယ်ခံစစ်ကနေ ၇ ဂိုးသွင်းယူကာ ၁၁ ဂိုးအထိ ဖန်တီးပေးထားတာဖြစ်ပါတယ်။ ၂၀၂၃ခုနှစ် တော့တင်ဟမ်အား ရှုံးနိမ့်ပြီးနောက် သူပါဝင်နေတဲ့ပွဲတိုင်းမှာ ကလပ်က ၆၂ ပွဲအထိ ရှုံးပွဲမရှိစံချိန်တင်ထားတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တွင် မန်စီးတီးသို့ရောက်လာကတည်းက ပြီးခဲ့တဲ့ရာသီက ရရှိခဲ့တဲ့ ဆုဖလား ၃ လုံး အပါအဝင် ရိုဒရီဟာ အဓိကဆုဖလား ၁၀ လုံးရရှိထားပြီး ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ဇွန်လ ချန်ပီယံလိဂ်ဖိုင်နယ်မှာတုန်းက အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

အီတီဟက်သို့ သွားရောက်ကစားမယ့်ပွဲမှာ အာဆင်နယ်က မန်စီးတီအပေါ် ၂ကြိမ်တိုင်တိုင် အသာရရှိဖို့ မျှော်လင့်နေမှာပါ။ ပြီးခဲ့တဲ့အောက်တိုဘာလကပွဲမှာ မာတင်နယ်လီရဲ့ ဂိုးဖြင့် အာဆင်နယ်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်နှင့် ပွဲမှာ အနီကဒ်ပြသခြင်းခံခဲ့ရပြိးနောက် ၂ ပွဲပယ် ပြစ်ဒဏ်ကြောင့် ရိုဒရီက အဆိုပါရှုံးပွဲတွင် မန်စီးတီးအတွက် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။

#အာဆင်နယ် #ဂယ်ရီနဗီးလ် #ပရီးမီးယားလိဂ်