ရှေ့သို့
Image

အမ်ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်ကို သတိပေးလိုက်တဲ့ ဘာစီလိုနာဥက္ကဌ

10:10 AM, 23 March

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေးအား ခေါ်ယူဖို့ကြိုးစားနေတဲ့ ရီးရဲလ်မက်ဒရစ်အား ဘာစီလိုနာဥက္ကဌ လာပေါ်တာက သတိပေးစကာား ပြောကြားလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ပြင်သစ်နိုင်ငံသားဟာ ဘာနေဗျူးသို့ ပြောင်းရွှေ့ဖို့ ကြီးမားတဲ့ ချိတ်ဆက်မှုများရှိနေပြီး ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဒီနွေရာသီမှာ စပိန်သို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ကြီးမားတဲ့ လက်မှတ်ထိုးကြေးဖြစ်တာကြောင့် ဘာစီလိုနာပရိသတ်တွေအကြားမှာ မနာလိုမှုများဖြစ်ပေါ်လာနိုင်တာဖြစ်သော်လည်း ဒါဟာ ရီးရဲလ်မက်ဒရစ်အသင်းကြားမှာ ပြဿနာဖြစ်လာနိုင်ပါတယ်လို့ လာပေါ်တာက သတိပေးလိုက်တာဖြစ်ပါတယ်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး Mundo Deportivo သို့ လာပေါ်တာက "ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့ကို ဘာစီလိုနာက မနာလိုတာ လုံးဝမဟုတ်ပါဘူး။ သူတို့တွေ ခေါ်ယူနိုင်မလား ဆိုတာကိုတော့ ကျွန်တော်တို့ ကြည့်ရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။ ဖြစ်လာနိုင်ချေရှိတဲ့ ပြဿနာများအပေါ် လာပေါ်တာက "ကျွန်တော်က ကြိုသိနေတာတော့ မဟုတ်ပါဘူး။ သူတို့မှာကို ပြဿနာကရှိပြီးသားပါ။ အမ်ဘာပေကိုခေါ်ယူနိုင်ဖို့ ကစားသမားတစ်ဦးကိုတော့ ရောင်းချရမှာ မဟုတ်ဘူးလား။ ကစားသမား ၂ ဦးကို တစ်နေရာတည်းမှာ ကစားခိုင်းလို့မရပါဘူး။ သူတို့တွေက အသိအမှတ်ပြုခံထားရတဲ့ ကစားသမားတွေပါ"လို့ ပြောပါတယ်။

"ဒီလိုဖြစ်လာမယ်လို့ ကျွန်တော်တွေးမိပြီး အဝတ်လဲခန်းအတွင်းမှာလည်း ပြဿနာလေးတွေဖြစ်လာနိုင်တယ်ဆိုတာ သေချာပါတယ်။ ဒါဟာ လက်ဆောင်ကောင်းတစ်ခုတော့ မဟုတ်ပါဘူး"လို့ လာပေါ်တာရဲ့ ပြောကြားမှုကို ကိုးကားပြီး ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာက ဒေကိုက အမ်ဘာပေကို ချီးကျူးထားသော်လည်း အသင်းနဲ့အတူ အသားကျဖို့လိုအုံးမှာဖြစ်ပါတယ်လို့ The Mirror သို့ ပြောကြားထားပါတယ်။

အမ်ဘာပေက လက်ရှိရာသီမှာ အထူးခြေစွမ်းပြသနေပြီး နောက်ဆုံးမှာတော့ ပီအက်စ်ဂျီကနေ ထွက်ခွာလာမှာဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ ၃၇ ပွဲမှာ ၃၈ ဂိုး သွင်းယူထားပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်က မောင့်ပယ်လီယာနှင့်ပွဲမှာ ၃ ဂိုးသွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီကလည်း လီဂူးဝမ်းမှာ ထိပ်ဆုံးတွင်ရပ်တည်နေပြီး ၁၂ မှတ်အသာဖြင့် ဦးဆောင်နေကာ လာမယ့်လ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ဘာစီလိုနာနှင့် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

အမ်ဘာပေက ရီးရဲလ်မက်ဒရစ်သို့ ပြောင်းမှလားလို့ မေးရာတွင် ဒေကိုက "ကျွန်တော် ဒါကိုမသိသလို ဘယ်သူမှလည်း သိမှာမဟုတ်သေးပါဘူး။ အမ်ဘာပေသာလျှင်သိမှာပါ။ အမှန်ကိုဆုံးဖြတ်ဖို့အတွက်တော့ အားလုံးပါဝင်ပတ်သက်ရမှာဖြစ်ပြီး ကျွန်တော်တို့က ဒီအတိုင်းနားထောင်နေရုံပါပဲ"လို့ ပြောပါတယ်။

#ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #လာပေါ်တီ #အမ်ဘာပေ