ရှေ့သို့
Image

ဒန်အက်ရှ်ဝပ်ရဲ့ထောက်ခံမှုကြောင့် ဂျူဗင်တပ်စ်စတားကို ပေါင် ၄၃ သန်းဖြင့်ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

10:17 AM, 23 March

ကလပ်နှစ်ခုစလုံးဟာ လျော်ကြေးငွေပေးချေဖို့ ကိစ္စအတွက် သဘောတူညီမှု မရရှိသေးသော်လည်း နယူးကာဆယ်ကနေ ထွက်ခွာပြီးရင်တော့ ဒန်အက်ရှ်ဝပ်ဟာ ယူနိုက်တက်ရဲ့ ပထမဆုံးအားကစားဒါရိုက်တာဖြစ်လာဖို့ရှိနေတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အက်ရှ်ဝပ်ဟာ အပြောင်းအရွှေ့ပေါ်လစီနှင့်ပတ်သက်ပြီး ပြောကြားထားပုံရကာ ဆာဂျင်မ်ရက်ဖ်ကလစ်ရောက်ရပြီးနောက် ကလပ်ရဲ့နွေရာသီအပြောင်းအရွှေ့က ကြီးမားလာမှာဖြစ်ပါတယ်။

အီတလီက သတင်းတွေရဲ့ဖော်ပြချက်အရ ဘရီမာဟာ ယူနိုက်တက် အလိုရှိနေတဲ့ ကစားသမားစာရင်းထဲမှာရှိနေပြီး လအတန်ကြာစောင့်ကြည့်နေခဲ့တာလည်းဖြစ်ပါတယ်။ ခေါ်ယူဖို့အတွက် အက်ရှ်ဝပ်က မီးစိမ်းပြခဲ့ပြီးနောက်မှာတော့ ယူနိုက်တက်ဟာ ဘရာဇီးနိုင်ငံသားကို စတင်စည်းရုံးတော့မှာဖြစ်ပါတယ်။ ခေါ်ယူနိုင်မယ်လို့ ယူနိုက်တက်က ယုံကြည်ချက်ရှိနေပြီး ဘရီမာအတွက် ပေါင် ၄၃ ပေးချေမှာဖြစ်ကြောင်း ဂျူဗင်တပ်စ်သို့ အကြောင်းကြားထားတာဖြစ်ပါတယ်။

စီးရီးအေကလပ်ဟာ ပေါင် သန်း ၅၀ နှင့် ၆၀ ကြား အလိုအရှိနေသော်လည်း အသင်းရဲ့ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကြောင့် နည်းပါးတဲ့ ကမ်းလှမ်းမှုကို လက်ခံရမလိုဖြစ်နေပါတယ်။ ဘရီမာဟာ လွန်ခဲ့တဲ့ ၂ နှစ်ကာ ပေါင် ၃၈ သန်းဝန်းကျင်ဖြင့် ဂျူဗင်တပ်စ်သို့ ရောက်လာခဲ့တာဖြစ်ပြီး စီးရီးအေရဲ့ အကောင်းဆုံးအသင်းတွင် ၂ ကြိမ်ပါဝင်ခဲ့ကာ ၂၀၂၂ခုနှစ် တိုရီနိုမှာကစားခဲ့စဉ်  လိဂ်ရဲ့အကောင်းဆုံး ခံစစ်မှူးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၃ ပွဲ ကစားပေးထားပြီး စနေနေ့ အင်္ဂလန်နှင့်ခြေစမ်းမယ့်ပွဲမှာ ယူနိုက်တက်အသင်းဖော်ဖြစ်လာနိုင်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီနွေရာသီမှာ ဗာရာနီက အလွတ်ဖြင့်ထွက်ခွာဖို့ရှိနေတာကြောင့် ယူနိုက်တက်က ဈေးကွက်မှာ ဗဟိုခံစစ်မှူးတစ်ဦး ရှာဖွေနေတာဖြစ်ပြီး ကလပ်အနေနဲ့ ပြင်သစ်သားကို စာချုပ်သက်တမ်းမတိုးလိုနေတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ဘရီမာ #ဒန်အက်ရှ်ဝပ်