ရှေ့သို့
Image

ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်တို့ကို ဆက်ထိန်းဖို့ ကြိုးစားနေကြောင်း ဖွင့်ဟလိုက်တဲ့ လာပေါ်တာ

12:38 PM, 24 March

နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီ အငှားခေါ်ယူထားတဲ့ ကစားသမား ၂ ဦးရဲ့ အနာဂတ်အပေါ် ဘာစီလိုနာဥက္ကဌ လာပေါ်တာက ပြောကြားလိုက်ပါတယ်။


အက်သလက်တီကိုမက်ဒရစ်နှင့် မန်စီးတီးတို့မှာ အငှားခေါ်ယူထားတဲ့ ဖီးလစ်နှင့် ကန်ဆယ်လိုတို့ဟာ လက်ရှိရာသီ ကျော်လွန်သွားချိန်မှာ အပြီးသတ်ခေါ်ယူမှာမဟုတ်သော်လည်း အသင်းရဲ့ကစားသမားအဖြစ် ဆက်ရှိသွားဖို့ လာပေါ်တာက ယုံကြည်ချက်ရှိနေပါတယ်။


ကစားသမား ၂ ဦးစလုံးကို အပြီးသတ်ခေါ်ယူလိုသော်လည်း ကလပ်ရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် အပြီးသတ်ခေါ်ယူဖို့ အဆင်မပြေနေတာဖြစ်ပါတယ်။


Mundo Deportivo သို့ လာပေါ်တာက "သူတို့တွေက အသင်းမှာဆက်ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့နဲ့ဆက်ရှိဖို့ ဖီးလစ်အတွက် အက်သလက်တီကိုမက်ဒရစ်က ငြင်းဆိုချက်တွေလုပ်ဘူးလို့ မျှော်လင့်မိသလို မန်စီးတီးလည်း အဲ့ဒီအတိုင်းဖြစ်မယ်လို့ထင်ပါတယ်"


"ဒီကိစ္စတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အေးဂျင့်တစ်ဦးဖြစ်တဲ့ ဂျော့ချ်မန်ဒက်စ်ရှိနေပြီး ဒီကစားသမားတွေနဲ့ ဆက်ရှိချင်တဲ့ ကျွန်တော်တို့ရဲ့စိတ်ဆန္ဒကို သူလည်းသိပါတယ်"


"အခြေအနေအရပ်ရပ်အပေါ် အများကြီးမူတည်နေတာကြောင့် လက်ရှိမှာ သူတို့ကိုအပြီးသတ်ခေါ်မလား အငှားစာချုပ်ကိုသက်တမ်းတိုးမလားဆိုတာ ကျွန်တော် ခင်များတို့ကို မပြောနိုင်သေးပါဘူး။ သက်တမ်းတိုးဖို့အတွက်ဆိုရင် တန်ကြေးက သတ်မှတ်ပြီဖြစ်တာကတော့ သေချာပါတယ်" လို့ ပြောပါတယ်။


ဘရိုက်တန်မှာ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့ အန်ဆုဖာတီရဲ့အနာဂတ်နျင့်ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုတာကို လာပေါ်တာက သတိပြုမိနေပါတယ်။


"အန်ဆုက ဘိုဂျန်ကာကစ်လိုပါပဲ။ ပထမအသင်းသို့ရောက်ရှိလာပြီး ပွဲဦးထွက်ခွင့်မရရှိသေးသော်လည်း လေ့ကျင့်မှုတွေလုပ်နေတဲ့ ဘန်ဂျန်ကို အားလုံးသိမှာပါ၊ ကျွန်တော်တို့က အငှားချထားတဲ့ ကစားသမားတွေကိုလည်း အာရုံစိုက်ထားပါတယ်"


"သူတို့နဲ့တွေ့ဖို့ ပြောဆိုဆွေးနွေးဖို့ သွားရောက်မှာပါ။ ဖာတီ၊ လန်းဂ်လက် အစရှိတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်"


"အန်ဆုက ဒဏ်ရာရရှိခဲ့ပြီး သက်သာလာပါပြီ။ ဒဏ်ရာတွေဆက်တိုက်ကြုံခဲ့ရပြီး ရာသီကုန်မှာ ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။ စာချုပ်အရ သူက အသင်းသို့ပြန်လာမှာဖြစ်ပေမယ့် ကျွန်တော့်တို့ စောင့်ကြည့်ရမှာပါ" လို့ လာပေါ်တာက ပြောပါတယ်။


ဖီးလစ်နဲ့ ကန်ဆယ်လိုတို့ဟာ လက်ရှိ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူရှိနေပြီး အင်္ဂါနေ့ ဆလိုဗေးနီးယားနဲ့ပွဲမှာ ကစားဖွယ်ရှိနေပါတယ်။ လက်ရွေးစင်အသင်းအတွက် ကစားအပြီးမှာတော့ သူတို့နှစ်ဦးစလုံးဟာ မတ်လ ၃၀ ရက် လက်စ်ပါးမက်စ်နှင့်ကစားမယ့် ပွဲမတိုင်မီ ဘာစီလိုနာသို့ ပြန်လာကြမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #အပြောင်းအရွှေ့