ရှေ့သို့
Image

အီကွေဒေါကို အနိုင်ရရှိလို့ ပျော်ရွှင်ကျေနပ်နေတဲ့ အီတလီလက်ရွေးစင် အသင်းနည်းပြ စပယ်လက်တီ

4:13 PM, 25 March

အီတလီလက်ရွေးစင်အသင်းနည်းပြစပယ်လက်တီဟာ အီကွေဒေါနဲ့ ခြေစမ်းပွဲစဉ်မှာ သူ့ရဲ့အသင်းအနိုင်ရရှိခဲ့လို့ ကျေနပ်ပျော်ရွှင်နေပါတယ်။ ဒီပွဲစဉ်မှာ အီတလီအသင်းက ပယ်လီဂရီနီ၊ ဘာရယ်လာတို့ရဲ့သွင်းဂိုးတွေနဲ့ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

စပယ်လက်တီက “ပထမပိုင်းရော၊ ဒုတိယပိုင်းမှာပါ ကောင်းမွန်တဲ့အရာတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကစားပုံ မသပ်ရပ်ခဲ့ပါဘူး။ ဘောလုံးကို ပြန်ရယူပြီးချိန်မှာ ချက်ချင်းဆိုသလိုပဲ ပြန်လည်ဆုံးရှုံးသွားတာမျိုး ရှိခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက အသင်းတစ်ခုပုံစံမျိုး ပိုမိုကစားနိုင်ခဲ့ပြီး အသင်းတစ်ခုပုံစံအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။ ဒါကပဲ အခြေခံအချက်ဖြစ်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့တွေ ဘောလုံးပိုင်ဆိုင်မှုပိုများခဲ့ပြီး တိုက်စစ်ပိုဆင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ထပ်သွင်းဂိုး ထပ်ရနိုင်ခဲ့သင့်ပေမယ့် အီကွေဒေါတိုက်စစ်ပြန်ဆင်လာချိန်မှာလည်း ကျွန်တော်တို့အသင်းက နေရာလွတ်တွေ အများကြီးခွင့်မပြုပေးခဲ့ရပါဘူး”လို့ ပြောပါတယ်။

အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်လို့ သူက “ဒီကောင်လေးတွေဟာ ပရိုကစားသမားကောင်းတွေ ဖြစ်တာကြောင့် အခုခရီးစဉ်က အပေါင်းလက္ခဏာဆောင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလေ့ကျင့်ရေး အစီအစဉ်မှာ တွေ့ဆုံပွဲတွေ၊ သတ်မှတ်ထားတဲ့ခရီးစဉ်တွေ အများအပြားရှိခဲ့ပါတယ်။ ဒါကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်နဲ့ အသင်းတို့အကြား လုပ်ခဲ့တဲ့နည်းလမ်းအတိုင်း အကောင်းဆုံးစီမံခန့်ခွဲပေးနိုင်ခဲ့လို့ အရမ်းကောင်းတဲ့ခရီးစဉ်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။
#အီတလီ #စပယ်လက်တီ #အီကွေဒေါ #ခြေစမ်းပွဲ