ရှေ့သို့
Image

ပွဲစဉ်တွေမှာ အမြဲတမ်း ကန်ကျောက်ခြင်းခံရလိမ့်မယ်လို့ သတိပေးခြင်းခံလိုက်ရတဲ့ အာဆင်နယ်စတား ဆာကာ

10:12 AM, 27 March

ဒိုင်လူကြီးတွေထံကနေ ပိုကောင်းတဲ့ ကာကွယ်မှုမျိုးမရဘူးဆိုရင် အာဆင်နယ်စတား ဆာကာအနေနဲ့ ပွဲအတွင်းကနေ ထွက်ခွာရလိမ့်မယ်လို့ ကလပ်ရဲ့ကစားသမားဟောင်းဖြစ်သူ ဘော့ဝီလ်ဆင်က ပြောကြားလိုက်ပါတယ်။ ဆာကာအနေနဲ့ ကွင်းလယ်ဒိုင်ရဲ့ ကာကွယ်မှုကို မရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အာဆင်နယ်ဟာ PGMOL သို့ တရားဝင် တိုင်တန်းခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တွင် ဆာကာဟာ ပြစ်ဒဏ်အကျူးလွန်ခြင်းအခံရဆုံး ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ပဲလေ့စ်က ဂျော်ဒန်အေယူကတော့ အကြိမ် ၃၀ အထိ ခံထားရကြောင်း ပြောကြားချက်ကို ပြိုင်ဘက်ကလပ်တွေက ပြက်ရယ်ပြုထားပါတယ်။ အဆိုပါကိစ္စအား မန်စီးတီးနှင့် ကစားမယ့် ပွဲမတိုင်မီ နောက်တစ်ကြိမ် ပြောကြားသင့်ပါတယ်လို့ အာဆင်နယ်ကစားသမားဟောင်း ဝီလ်ဆင်က ပြောကြားလိုက်ပါတယ်။

"ကျွန်တော်တို့မှာ အကောင်းဆုံး လူငယ်ကစားတစ်ဦးရှိနေတယ်ဆိုတဲ့ အချက်က တွန်းအားတစ်ရပ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့က သူ့ကိုမကာကွယ်နိုင်ဘူးဆိုရင် အသက် ၂၄ ၂၅ နှစ်လောက်မှာ ဆာကာ ပြိုင်ပွဲတွေကနေ ထွက်ခွာသွားရပါလိမ့်မယ်" "ကျွန်တော်တို့ နားလည်မိသလို ဒိုင်တွေက မမြင်ကြပါဘူး။ ဆာကာနှင့် ၅ ကိုက်အကွာလောက်မှာ အမြဲတမ်း အနည်းဆုံး ကစားသမား ၂ ဦးလောက်ရှိနေပြီး မကြာခဏဆိုသလို ခြိမ်းခြောက်မှုတွေလုပ်ကြပါတယ်။ ဆာကာကို သူတို့က မတားဆီးနိုင်တော့ဘူးဆိုရင် လိုက်ကန်ကြပါတယ်" "ဒါက ဘယ်လိုအဓိပ္ပါယ်လဲလို့ လူတွေက ပြောကြမှာပါ။ ဒါက အရမ်းကို ဒရမ်မာဆန်လွန်းပါတယ်။ ပရီးမီးယားလိဂ်မှာ ဆာကာလောက် အကန်ခံရတဲ့ ကစားသမားဆိုတာ မရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်" "ဒီလိုမျိုးသာ တိုက်ခိုက်ခံရမှုကို ရင်ဆိုင်နေရမယ်ဆိုရင် သူက ပြန်လည်တိုက်ခိုက်လာမှာကို ကျွန်တော်စိုးရိမ်မိပါတယ်။ ဆာကာအတွက် တကယ့်ကို စိုးရိမ်မိပါတယ်" "သူ ပြိုင်ပွဲတွေကနေ မထွက်ခွာဘူးဆိုရင် ဆာကာက ဘယ်လောက်အထိ ကောင်းလာမလဲဆိုတာ ကျွန်တော်တွေးမြင်မိနေပါတယ်။ သူက အရမ်းကို လိမ္မာပါးနပ်ပြီး အန္တရာယ်ပေးနိုင်တဲ့သူဖြစ်ပါတယ်" လို့ ဝီလ်ဆင်က The Telegraph သို့ ပြောပါတယ်။

#ဆာဘီးယား #ဆာကာ #အာဆင်နယ် #ပရီးမီးယားလိဂ်