ရှေ့သို့
Image

စပို့တင်းလစ္စဘွန်းက ဗဟိုခံစစ်မှူး ဒိုင်အိုမန်ဒီကို ချဲလ်ဆီးနှင့်အပြိုင် ခေါ်မယ့် အာဆင်နယ်

10:37 AM, 27 March

ယခုလအစောပိုင်းက ပေါ်တူဂီမှာ ကစားတဲ့ စပို့တင်းနှင့် ဘင်ဖီကာပွဲစဉ်သို့ ကင်းထောက်သွားရာတွင် အာဆင်နယ်အသင်းဟာ အသက် ၂၀ အရွယ် အိုင်ဗရီကို့စ်နိုင်သားကို သတိထားမိခဲ့တာဖြစ်ပါတယ်လို့ SunSport က ဖော်ပြထားပါတယ်။

အဆိုပါခရီးစဉ်ရဲ့ အဓိကအချက်က လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၃၆ ဂိုး သွင်းယူထားပြီး ခေါ်ယူဖို့ အလားအလာရှိနေတဲ့ အသက် ၂၅နှစ်အရွယ် ဂိုကီရက်စ်ကို ကြည့်ရှုဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒိုင်အိုမန်ဒီကိုပါ တွေ့ရှိခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ ဗဟိုခံစစ်မှူးကို ခေါ်ယူဖို့နှင့်ပတ်သက်ပြီး စဉ်းစားမှုများရှိနေပါတယ်လို့ SunSport က သိရှိထားပါတယ်။

စာချုပ်ဖျက်သိမ်းခ ပေါင် ၆၈.၆ သန်းရှိနေတဲ့ ဒိုင်အိုမန်ဒီအတွက် ချဲလ်ဆီးကလည်း အပြိုင်ခေါ်ယူဖွယ်ရှိနေတာဖြစ်ပြီး အပိုဆုကြေးများထည့်သွင်းမှုနဲ့အဆိုရင် ကစားသမားရဲ့တန်ကြေးကို ပေါင်သန်း ၅၀ အထိ လျော့ချနိုင်မှာလည်းဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ခံစစ်ကို အင်အားတောင့်တင်းအောင်လုပ်လိုနေတာဖြစ်ပြီး ပထမဦးစားပေးခံစစ်မှူးတွေဖြစ်တဲ့ ဂါဘရီရယ်နှင့် ဆာလီဘာတို့အတွဲနေရာမှာ အရန်ကစားသမား လိုချင်နေတာဖြစ်ပါတယ်။
အိုင်ဗရီကို့စ်နိုင်ငံသားဟာ လက်ရှိရာသီ စပို့တင်းရဲ့ နောက်တန်း ၃ ဦးခံစစ်တွင် အဓိကနေရာကနေ ပါဝင်နေသူဖြစ်ပြီး အာတီတာနှစ်သက်တဲ့ နောက်တန်းနေရာမှာလည်း ကစားနိုင်သူဖြစ်ပါတယ်။ လာမယ့်ရာသီကို အာတီတာက ဗဟိုခံစစ်မှူး ၄ ဦးအထိ တိုးချင်နေတာဖြစ်ပြီး ဆာလီဘာ၊ ဂါဘရီရယ်နှင့် ကီဝီယာတို့ထံ နောက်ထပ် ၁ ဦးဖြည့်တင်းလိုနေတာဖြစ်ပါတယ်။

ဒါပေမဲ့ အပြောင်းအရွှေ့ဖြစ်ဖို့က အသင်းက ပေးနိုင်မယ့်ဈေးအပေါ်မူတည်နေတာဖြစ်ပြီး ဒါ့အပြင် အခြားနေရာတွေအတွက် ဥပမာ တိုက်စစ်လိုနေရာအတွက် ငွေဘယ်လောက်သုံးမလဲဆိုတဲ့ပေါ် အများကြီးမူတည်နေပါတယ်။ အာဆင်နယ်ရဲ့ နွေရာသီဦးစားပေးကတော့ နံပါတ် ၉ နေရာအတွက်ဖြစ်ပြီး ဂိုကီရက်စ်ဟာလည်း အာဆင်နယ်ခေါ်ယူလိုနေတဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်နေပါတယ်။

ဘရန့်ဖို့ဒ်ရဲ့ တိုနေးကလည်း စဉ်းစားဖွယ်ရာဖြစ်သော်လည်း ဘယ်လိုတိုက်စစ်မှူးမျိုးခေါ်ယူမလဲဆိုတဲ့အပေါ်ကို အာတီတာက ဆုံးဖြတ်ချက်ချဖို့ ရာသီကုန်အထိ စောင့်သွားဖွယ်ရှိနေပါတယ်။ ဂျီးဆပ်ကလည်း ဒဏ်ရာကြောင့် ကာလရှည်နားနေရတာဖြစ်ပြီး ကိုင်ဟာဗက်ဇ်ကိုသာ အသင်းရဲ့တိုက်စစ်နေရာမှာ ဦးဆောင်ဖို့ အသုံးပြုနေရတာဖြစ်ပါတယ်။

ဆာကာနှင့် မာတင်နယ်လီတို့နေရာ အတွက် ကာမိစေဖို့ အာတီတာရဲ့ အဝယ်စာရင်းမှာ တောင်ပံကစားသမားလည်းပါဝင်နေပါတယ်။ လက်ရှိအချိန်မှာတော့ ရမ်စ်ဒဲလ်၊ အန်ကီတီးယား၊ နယ်လ်ဆင်နှင့် ဆိုရာရက်စ်တို့က နွေရာသီမှာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #အပြောင်းအရွှေ့ #မန်ဒီ #စပို့တင်း