ရှေ့သို့
Image

သတင်းမှားရေးသားခဲ့တဲ့ နာမည်ကြီးသတင်းထောက်တစ်ဦးကို တရားစွဲလိုက်တဲ့ ဘာစီလိုနာနည်းပြ ဇာဗီ

11:03 AM, 29 March

သူတို့ကြားမှာ သတင်းဖလှယ်ခဲ့ပါတယ်ဆိုတဲ့ မှားယွင်းစွာ ပြောကြားခဲ့တဲ့ သတင်းထောက် မန်နူရယ်ဂျာဘိုစ်ကို ဘာစီလိုနာနည်းပြ ဇာဗီက တရားစွဲလိုက်ကြောင်း ဗုဒ္ဓဟူးနေ့မှာ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

နောက်ထပ် သတင်းထောက်တစ်ဦးဖြစ်တဲ့ ဂျာဗီမီဂွယ်ကိုလည်း ဇာဗီက ဥပဒေကြောင်းအရ တရားစွဲထားကြောင်း MARCA က ဖော်ပြထားပါတယ်။ အဝတ်လဲခန်းက သတင်းတွေပေါ်ကြားမှုနဲ့ ပတ်သက်ပြီး နည်းပြအဖွဲ့ဝင်တွေကို ဇာဗီက စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဘာစီလိုနာက နာမည်ကြီးသတင်းထောက်က အရင်က ဖော်ပြခဲ့ဖူးတာပါ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဘာစီလိုနာနည်းပြဟာ ဝန်ထမ်းအားလုံးရဲ့ ဖုန်းများကို သိမ်းယူခဲ့ပြီး ဘယ်သူက သတင်းထောက်တွေနဲ့ သေချာတဲ့ ဆက်သွယ်မှုလုပ်ဆောင်နေသလဲဆိုတာကို သူယုံကြည်ရတဲ့ တစ်စုံတစ်ဦးအား စစ်ဆေးခိုင်းခဲ့တာဖြစ်ပါတယ်။

သတင်းပေါက်ကြားမှုတွေကြောင့် နည်းပြအဖွဲ့ဝင်တွေကို ဖယ်ထုတ်ခဲ့ပြီး အချို့သော အသင်းအစည်းအဝေးတွေကိုတော့ ဇာဗီဟာ ကစားသမားတွေနဲ့သာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်လို့ စွပ်စွဲပြောဆိုမှုတွေရှိလာပါတယ်။ အခုတော့ ကလပ်ဟာ အဆိုပါ သတင်းတွေကို ငြင်းဆိုခဲ့ပြီး အဲ့ဒီသတင်းအမှားတွေ ရေးသားခဲ့တဲ့ ဂျာဗီမီဂွယ်ကို ဇာဗီက တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

ဒီသတင်းတွေက လုံးဝကိုမှားယွင်းနေပါတယ်၊ ရေးသားခဲ့တဲ့ သတင်းထောက်ကိုလည်း ဖြေရှင်းပေးဖို့ အချိန်ပေးထားပါတယ်။ အဲ့ဒီလိုမလုပ်ဘူးဆိုရင်တော့ ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ နည်းပြက ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့လတွေမှာလည်း ဇာဗီနှင့် မီဒီယာတွေရဲ့ ဆက်ဆံရေးက အဆင်မပြေဖြစ်ခဲ့တာဖြစ်ပြီး အသင်းအား ဖိအားတွေအောက်သို့ ရောက်ရှိအောင် ဆွဲခေါ်သွားတာဖြစ်ပါတယ်လို့ မီဒီယာတွေကို ဇာဗီက ဝေဖန်ခဲ့တာဖြစ်ပါတယ်။

နာပိုလီအား အနိုင်ရရှိခဲ့ပြီးနောက် အသက် ၄၄ နှစ်အရွယ် နည်းပြက ဘာစီလိုနာဟာ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ရဲ့ လူရွှင်တော်ပါပဲလို့ ပြောခဲ့တဲ့ သတင်းထောက်ကို ဝေဖန်ပြောကြားခဲ့ပါတယ်။ အခုတော့ နည်းပြဟာ သတင်းထောက် ၂ ဦးဖြစ်တဲ့ မန်နူရယ်ဂျာဘိုစ်နှင့် ဂျာဗီမီဂွယ်တို့ကို တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။

#ဘာစီလိုနာ #ဇာဗီ