ရှေ့သို့
Image

လာလီဂါပွဲစဉ် (၃၀) ဂီတာဖေး-ဆီဗီလာ ပွဲကြိုခန့်မှန်းချက် (ည ၇:၃၀)

9:54 AM, 30 March

ဂီတာဖေး-ဆီဗီလာ  ဒဏ်ရာရပွဲပယ်
-------------
ဂီတာဖေး - အရမ်ဘာယီ၊ မာရိုရယ်လ်(သေချာပေါက်လွဲ)
ဆီဗီလာ - ဂျီးဆပ်စ်နာဗက်စ်(ပွဲပယ်ပြစ်ဒဏ်)၊ အဂူမီ၊ မာရီယာနိုဒီယက်ဇ် (သေချာပေါက်လွဲ)

ဂီတာဖေးက ကိုပါဒယ်လ်ရေးရှုံးနိမ့်မှုအတွက် အကြွေးဆပ်ဖို့ ဆီဗီလာကို အခုသီတင်းပတ်ကုန်မှာ ဧည့်ခံကစားပါလိ့မ်မယ်။ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံတဲ့ နောက်ဆုံး ၁၂ ပွဲဆက် သရေရလဒ်မထွက်ပေါ်ခဲ့တာကလည်း ထူးခြားချက်တစ်ခုပါ။ ဂီတာဖေးက နိုင်ငံတကာသီတင်းပတ်မတိုင်ခင် ဂျီရိုနာကို အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်လည်တက်လှမ်းထားပါတယ်။

အခုဘောလုံးရာသီတစ်ခုလုံး မတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်ထားရတဲ့ ဆီဗီလာတို့ တန်းဆင်းဇုန်အန္တရာယ်အငွေ့အသက်နဲ့ရင်ဆိုင်နေရလို့ အခုလိုရာသီအဆုံးသတ်အချိန်မှာ အမှားခံလို့ မရတော့ပါဘူး။ နှစ်သင်းပေါင်း နှစ်ဂိုးရှိရင် ပြားစွန်းပေးရမယ်ဆိုတဲ့ ဂိုးပေါ်ကြေးဖွင့်လှစ်မှုက ပါးလျားလွန်းပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းမှာ သွင်းဂိုးများပြားတက်လို့ ဂိုးပေါ်ကို ရွေးချယ်မယ်။

ဂီတာဖေး - ဆီဗီလာ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-----------------------------------------------------
ဂီတာဖေး ၁ - ၃ ဆီဗီလာ (၁၇-ဇန်နဝါရီ-၂၀၂၄)
ဆီဗီလာ ၀ - ၃ ဂီတာဖေး (၁၇-ဒီဇင်ဘာ-၂၀၂၃)
ဂီတာဖေး ၂ - ၀ ဆီဗီလာ (၂၀-မတ်-၂၀၂၃)
ဆီဗီလာ ၂ - ၁ ဂီတာဖေး (၉-ဇန်နဝါရီ-၂၀၂၃)
ဆီဗီလာ ၁ - ၀ ဂီတာဖေး (၉-ဇန်နဝါရီ-၂၀၂၂)
.
ဂီတာဖေး နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ဂီတာဖေး ၁ - ၀ ဂျီရိုနာ (၁၇-မတ်-၂၀၂၄)
ဗလန်စီယာ ၁ - ၀ ဂီတာဖေး (၉-မတ်-၂၀၂၄)
ဂီတာဖေး ၃ - ၃ လက်စ်ပါးမား (၃-မတ်-၂၀၂၄)
ဘာစီလိုနာ ၄ - ၀ ဂီတာဖေး (၂၄-ဖေဖော်ဝါရီ-၂၀၂၄)
ဗီလာရီးရဲလ် ၁ - ၁ ဂီတာဖေး (၁၇-ဖေဖော်ဝါရီ-၂၀၂၄)
.
ဆီဗီလာ နောက်ဆုံး (၅) ပွဲရလဒ်
---------------------------
ဆီဗီလာ ၁ - ၂ ဆယ်လ်တာဗီဂို (၁၇-မတ်-၂၀၂၄)
အယ်လ်မီရီယာ ၂ - ၂ ဆီဗီလာ (၁၂-မတ်-၂၀၂၄)
ဆီဗီလာ ၃ - ၂ ဆိုစီဒက် (၂-မတ်-၂၀၂၄)
ရီးရဲလ်မက်ဒရစ် ၁ - ၀ ဆီဗီလာ (၂၆-ဖေဖော်ဝါရီ-၂၀၂၄)
ဗလန်စီယာ ၀ - ၀ ဆီဗီလာ (၁၈-ဖေဖော်ဝါရီ-၂၀၂၄)

#လာလီဂါ #ဆီဗီလာ #ပွဲကြိုသုံးသပ်ချက် #ဂီတာဖေး