ရှေ့သို့
Image

မန်စီးတီး - အာဆင်နယ်ပွဲမှာ ဘယ်အသင်းကို အနိုင်ရစေချင်လဲဆိုတာ ထုတ်ပြောလိုက်တဲ့ ကာရေဂါ

1:45 PM, 30 March

အာတီတာရဲ့ ဂန်းနားတွေဟာ တနင်္ဂနွေနေ့မှာ အီသီဟက်သို့ သွားရောက်ကစားရမှာဖြစ်ပြီး အနိုင်ရရှိပါက ၄ မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ပထမအကျော့မှာ ၁-၀ ဂိုးဖြင့်အနိုင်ရရှိထားတာကြောင့် အနိုင်ရရှိဖို့ ယုံကြည်ချက်ရှိနေသော်လည်း ပြီးခဲ့တဲ့ရာသီတုန်းက ၄-၁ ဂိုးဖြင့် မန်စီးတီးရဲ့ အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နှင့် ရမှတ် တူနေတဲ့ လီဗာပူးကတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး မန်ချက်စတာမှာကစားမယ့်ပွဲအပေါ် စောင့်ကြည့်နေမှာဖြစ်ကာ အန်ဖီးလ်ရှိ ကလော့ပ်ရဲ့နောက်ဆုံးရာသီမှာ ပရီးမီးယားလိဂ်ဆုဖလား ရရှိလိုနေတာဖြစ်ပါတယ်။ မန်စီးတီးအနိုင်ရရှိတာထက် အာဆင်နယ် အနိုင်ရရှိမယ်ဆိုရင်တော့ လီဗာပူးအတွက် ပြီးပြည့်စုံတဲ့ရလဒ်ဖြစ်မှာဖြစ်ပြီး အီသီဟက်မှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် အာတီတာရဲ့အသင်းက ဆုဖလားပြိုင်ဆိုင်မှုကနေ ထွက်လိုက်ရမှာဖြစ်ပါတယ်လို့ ကာရေဂါက ပြောကြားလိုက်ပါတယ်။

The Overlap တွင် ယူနိုက်တက်ကစားသမားဟောင်း နဗီးလ်က "လီဗာပူးဘက်ကနေ ကြည့်မယ်ဆိုရင် တနင်္ဂနွေနေ့ပွဲမှာ ခင်များက အာဆင်နယ်ကို သေချာပေါက် နိုင်စေချင်မှာမလား" လို့ ပြောလိုက်ပါတယ်။ လီဗာပူးအသင်းခေါင်းဆောင်ဟောင်းကလည်း "သေချာတာပေါ့။ ဒါပေမဲ့ မန်စီးတီးရှုံးမယ်ဆိုရင်တောင် သူတို့က လိဂ်ဖလားကို အနိုင်ရရှိနိုင်သေးတယ်။ ရှုံးရင်တောင် နိုင်နိုင်သေးတယ်" လို့ပြောပါတယ်။

"အာဆင်နယ်အနိုင်ရရှိမယ်ဆိုရင် သူတို့တွေလိဂ်ဖလားကို ဘယ်လိုရလဲဆိုတာ ကျွန်တော်တော့ မမြင်မိပါဘူး။ လီဗာပူးအတွက်ကတော့ မန်စီးတီကိုရှုံးစေချင်ပါတယ်၊ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းမှာ သူတို့က လိဂ်ဖလားကို ရရှိနိုင်ပါသေးတယ်လို့ ကျွန်တော်ထင်ပါတယ်" "အာဆင်နယ်က အနိုင်ရရှိခဲ့မယ်ဆိုရင်တောင် ဖလားမရရှိနိုင်ဘူးလို့ ကျွန်တော်ထင်မိပါတယ်။ လီဗာပူးဘက်ကဆိုရင်တော့ ဆုဖလားရရှိဖို့အတွက် အသင်းတစ်သင်းနဲ့ပဲယှဉ်ပြိုင်သွားရမှာပါ" "မန်စီးတီးကာ အနိုင်ရရှိပြီး သူတို့ကိုကျော်တက်သွားမယ်ဆိုရင် အထူးသဖြင့် လီဗာပူးက အိမ်ကွင်းမှာ ဘရိုက်တန်ကို အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်ရဲ့အထက်သို့ရောက်သွားမှာပါ" "အဲ့ဒီလိုဆိုရင် အာဆင်နယ်အနေနဲ့ ပြန်လာဖို့ဆိုတာက လွယ်ကူမှမဟုတ်ပါဘူးလို့ ထင်မိပါတယ်" လို့ ပြောပါတယ်။

မန်စီးတီးအနိုင်ရရှိရင် အာဆင်နယ်က ပြိုင်ဆိုင်မှုကနေ ထွက်လိုက်ရပြီဆိုတာကို နဗီးလ်ကလည်း သဘောတူထားပါတယ်။ လီဗာပူးရဲ့မျှော်လင့်ချက်ကတော့ မေလ ၁၉ ရက်နေ့မှာ လိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ပဲဖြစ်ပါတယ်။

"တနင်္ဂနွေနေ့မှာ မန်စီးတီးနိုင်မယ်ဆိုရင် ပွဲပြီးသွားပြီလို ပြောချင်တာမဟုတ်ပါဘူး အာဆင်နယ်နှင့် လီဗာပူးအတွက် ခက်ခဲသွားမှာပါ။ စီးတီးရဲ့ အတွေ့အကြုံနှင့် သူ့ရဲ့လုပ်ဆောင်မှုတွေကြောင့် ပြိုင်ဆိုင်ဖို့ဆိုတာ ခက်ခဲပါတယ်" လို့ နဗီးလ်က ပြောပါတယ်။

၂၀၁၈ ခုနှစ်နောက်ပိုင်း မန်စီးတီး ပရီးမီးယားလိဂ်ဆုဖလားကို ၄ ကြိမ် ဆက်တိုက်ရရှိနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီက သမိုင်းဝင် ဆုဖလား ၃ လုံးရရှိခဲ့ပြီး လက်ရှိရာသီမှာတော့ ချန်ပီယံလိဂ်ကွားတားဖိုင်နယ်တွင် ရီးရဲလ်မက်ဒရစ်၊ အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွင် ချဲလ်ဆီးတို့နှင့် တွေ့ဆုံနေတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ၂၀၀၄ ခုနှစ်တွင် ပရီးမီးယားလိဂ်ဆုဖလားကိုနောက်ဆုံးရရှိထားတာဖြစ်ပြီး ၂၀၂၂-၂၃ ရာသီမှာ ဆုဖလားအတွက်ပြိုင်ဆိုင်ခဲ့သော်လည်း မန်စီးတီးရဲ့နောက် ၅ မှတ်အကွာ ဒုတိယနေရာဖြင့်သာ ရာသီပိတ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆ ရာသီအတွင်း မန်စီးတီးရဲ့လွှမ်းမိုးမှုကို ကျော်ဖြတ်ထားနိုင်တာက လီဗာပူး ၁ သင်းထဲသာရှိနေပါတယ်။

#မန်စီးတီး #အာဆင်နယ် #ကာရေဂါ #ပရီးမီးယားလိဂ်