ရှေ့သို့
Image

ပီအက်စ်ဂျီနဲ့ဒုတိယအကျော့မှာလည်း ပထမအကျော့တုန်းကအတိုင်း ကန်သွားမှာဖြစ်တယ်လို့ ဇာဗီ ပြောကြား

9:28 AM, 16 April

ပီအက်စ်ဂျီ နဲ့ ဘာစီလိုနာတို့ရဲ့ပထမအကျော့ချန်ပီယံလိဂ်ပွဲစဉ်က ၃-၂ နဲ့ ပြီးဆုံးခဲ့ပြီး ဇာဗီက ၂၀၁၉ နောက်ပိုင်း ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်ကို တက်ရောက်ချင်နေပါတယ်။ဇာဗီက ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာလည်း ပထမအကျော့တုန်းကအတိုင်းဆက်ကစားမယ်လို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့က ဦးဆောင်နေတာနဲ့ကျေနပ်နေတဲ့အသင်းမဟုတ်သလို ပီအက်စ်ဂျီကိုဘောလုံးပေးမကိုင်ပဲ ပွဲကိုအနိုင်ကန်မှာပါ။ ကျွန်တော်တို့ရဲ့အကောင်းဆုံးအနေအထားကို ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။ ပထမအကျော့တုန်းကအတိုင်းပဲ ကျွန်တော်တို့တူညီတဲ့ပွဲတစ်ပွဲကို ကစားမှာပါ။ အဲ့တာက ချန်ပီယံလိဂ်ပါ။ ပြင်သစ်မြေမှာ ကျွန်တော်တို့ကို သူတို့မတားဆီးနိုင်ခဲ့ပါဘူး။ နူးကမ့်မှာ ပိုကောင်းအောင် စွမ်းဆောင်သွားမှာပါ။အင်းနရစ်ကလည်း သေချာလေးပြင်ဆင်လာနိုင်ပေမယ့် ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့လုပ်ဆောင်သွားမှာပါ”လို့ ဇာဗီက ပြောကြားခဲ့ပါတယ်။

ရာသီအကုန်မှာဘာစီလိုနာကနေထွက်ခွာတော့မယ့် ဇာဗီဟာ ဘာစီလိုနာကို ၁၂ ပွဲဆက်ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။“ကျွန်တော်နဲ့ ကျွန်တော့်ကစားသမားတွေက ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်။ လူတိုင်းက ဒီအသင်းနဲ့အတူ ရှေ့ဆက်ချင်ပါတယ်”လို့ ဇာဗီက ထပ်လောင်းပြောကြားခဲ့ပါတယ်။ဘာစီလိုနာကွင်းလယ်လူ ပီဒရီကလည်း မိမိတို့အသင်းဟာ ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ဘာစီလိုနာဟာ ပြင်သစ်မြေမှာ ပီအက်စ်ဂျီကို ဦးဆောင်နိုင်ခဲ့တာကြောင့် အိမ်ကွင်းအားသာချက်ရှိနေတာဖြစ်ပါတယ်။ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီတို့ရဲ့ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်ကို ဧပြီ ၁၆ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

#ဘာစီလိုနာ #ဇာဗီ #ပီအက်စ်ဂျီ