ရှေ့သို့
Image

အူဒီးနီးစ်နဲ့ပွဲမှာ ကွင်းတွင်းလဲကျခဲ့တဲ့ အန်ဒီကာတစ်ယောက် ဆေးရုံကနေ ပြန်ဆင်း

1:13 PM, 16 April

တနင်္ဂနွေနေ့တုန်းက အူဒီးနီးစ်နဲ့ပွဲမှာ ကွင်းတွင်းလဲကျခဲ့တဲ့ ရိုးမားနောက်ခံလူ အန်ဒီကာတစ်ယောက် အခြားစစ်ဆေးမှုတွေပြုလုပ်ပြီးနောက်မှာ ဆေးရုံကနေဆင်းခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။အသက် ၂၄ နှစ်သားဟာ အဆိုပါပွဲမှာ ကွင်းအတွင်းလဲကျခဲ့တာဖြစ်ပြီး ပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။ အန်ဒီကာအနေနဲ့ သတိရှိနေပေမယ့် နာကျင်မှုခံစားရတာကြောင့် ဆေးအဖွဲ့က ကုသပေးခဲ့ရတာဖြစ်ပါတယ်။

ရိုးမားအသင်းကတော့ နောက်ပိုင်းမှာ အန်ဒီကာအနေနဲ့ ကောင်းမွန်တဲ့စိတ်ဓာတ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ “ပထမ နဲ့ ဒုတိယအကြိမ် နှလုံးရောဂါစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့် လက္ခဏာပြတာတော့ မရှိပါဘူး။ အခုမနက်ခင်းမှာ နောက်ဆုံးစစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပြီး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်”လို့ ရိုးမားအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

#ရိုးမား #အူဒီးနီးစ် #အန်ဒီကာရိုးလ်