ရှေ့သို့
Image

မိုဆာလက်ရဲ့ အခွင့်အရေးလွဲချော်မှုတွေအပေါ် စိတ်မပူဘူးလို့ ပြောသွားတဲ့ ယာဂင်ကလော့ပ်

9:10 AM, 19 April

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က နောက်ပိုင်းပွဲစဉ်တွေမှာ အခွင့်အရေးကောင်းတွေ မကြာခဏ ဖြုန်းတီးနေတဲ့ တိုက်စစ်မှူး မိုဆာလက်ဘက်ကနေ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။ မိုဆာလက်ဟာ မနေ့ညက အတ္တလန္တာနဲ့ပွဲစဉ် ပွဲချိန်၇မိနစ်မှာ ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းပြီး comebackပြန်လာနိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ အပိုင်အခွင့်အရေးကို ဖြန်တီးပစ်ခဲ့ပါတယ်။

လီဗာပူးအသင်းကလည်း ပထမအကျော့က ရလဒ်ကို ပြောင်းပြန်လှန်ပစ်နိုင်ခြင်း မရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃-၁နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပါတယ်။

ကလော့ပ်က "ကျွန်တော်တို့ ဒီညပွဲကို မရှုံးခဲ့ပါဘူး။ အိမ်ကွင်းမှာ ရှုံးခဲ့တာပါ။ အတ္တလန္တာက နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်တာကြောင့် ဂုဏ်ပြုရမှာပါ။ ကျွန်တော်တို့ကို နှစ်ကျော့ပေါင်းရလဒ် ၃-၁ဂိုးနဲ့ နိုင်တယ်ဆိုရင် သူတို့ နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်တာပေါ့။ ဆာလက်အပေါ် ကျွန်တော် လုံးဝစိတ်မပူပါဘူး။ တိုက်စစ်ကစားသမားတွေက ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့လည်း ဒီလိုကြုံရမှာဖြစ်သလို သူလည်း ဒီလိုကြုံရမှာပါပဲ။ သူက အသင်းမှာ အတွေ့အကြုံအများဆုံး ကစားသမားတစ်ယောက်ပါ။ သူ အရင်ကလည်း အခွင့်အရေးတွေ လွဲဖူးတာပဲ။ ဒါက ပွဲရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ပင်နယ်တီက ကျေနပ်စရာဖြစ်ပြီး နောက်အခွင့်အရေးလွဲချော်တာကတော့ ကံမကောင်းတာပါ။ ဒါပေမယ့် သူ ဒီလိုအခွင့်အရေးလွဲတာ ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ အဲ့ဒီအတွက် ကျွန်တော် အကြီးကြီးပြောနေမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီအတွက် စိတ်ပူနေမှာ မဟုတ်ပါဘူး"လို့ ပြောသွားခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ဆာလက် #ယူရိုပါလိဂ်