ရှေ့သို့
Image

အယ်လ်ကလက်ဆီကိုပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ဘာစီလိုနာစတား ဒီဂျောင်

10:08 AM, 23 April

ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်တစ်ယောက် ရီးရဲလ်အသင်းနဲ့ အယ်လ်ကလက်ဆီကိုပွဲရဲ့ပထမပိုင်းမှာ ဒဏ်ရာ ရရှိပြီး လူစားလဲခံခဲ့ရပါတယ်။ ရီးရဲလ်စတား ဗယ်လ်ဗာဒီနဲ့ ထိခိုက်မိခဲ့ပြီးနောက် ကွင်းထဲမှာ ဆေးကုသမှုခံယူခဲ့ရပေမယ့် အဆင်မပြေခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်။

ESPN ရဲ့အဆိုအရ ဒီဂျောင်ရဲ့ဒဏ်ရာအခြေအနေကို အခုရာသီကို လွဲချော်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာဟာ အနည်းဆုံး ၅ ပတ်လောက်အထိ နားရတာဖြစ်ပြီး ဒီဂျောင်က ရီးရဲလ်နဲ့ပွဲမတိုင်ခင် ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ အခုလိုပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဒီရာသီဒဏ်ရာပြဿနာများနေတာနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်မိပါတယ်။ ရာသီအစမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး အချိန်အတော်ကြာနားလိုက်ရပါတယ်။ မတ်လတုန်းကလည်း ထပ်မံပြီးဒဏ်ရာရခဲ့ပါတယ်”လို့ ဒီဂျောင်က ပြောကြားခဲ့ပါတယ်။

ဒီဂျောင်ဟာ စက်တင်ဘာကနေ နိုဝင်ဘာအထိ ၂ လလောက်နားခဲ့ရသလို မတ်လကနေ ဧပြီလအထိလည်း ထပ်မံအနားယူခဲ့ရသေးတာဖြစ်ပါတယ်။ တတိယခြေကျင်းဝတ်ဒဏ်ရာက စတင်လာခဲ့ပြန်ပြီဖြစ်ကာ ဘာစီလိုနာ အနေနဲ့ ဒီရာသီပြီးဆုံးဖို့ လာလီဂါ ၆ ပွဲကန်ဖို့ကျန်နေသေးပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံဆုနဲ့ ၉ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဒီဂျောင်မပါဝင်နိုင်တာက ဘာစီလိုနာအတွက် ခက်ခဲနိုင်သလို ကိုးလ်မန်းရဲ့နယ်သာလန်အသင်း အတွက်လည်း သတင်းဆိုးဖြစ်လာခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင်