ရှေ့သို့
Image

ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကြောင့် အယ်လ်ကလက်စီကိုပွဲစဉ်ကို ပြန်ကစားဖို့ ဆန္ဒရှိနေတဲ့ လာပေါ်တာ

1:43 PM, 23 April

ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာဟာ ယမန်နေ့က ရီးရဲလ်မက်ဒရစ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ သူ့အသင်းရဲ့ သွင်းဂိုးကို ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိတာကြောင့် ပေါက်ကွဲနေပြီး ယခုအခါမှာတော့ အဆိုပါအယ်လ်ကလက်စီကို ပွဲစဉ်ကို ပြန်လည်ကစားဖို့ တောင်းဆိုနိုင်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

လာပေါ်တာက လာလီဂါလိဂ်ဟာ ဂိုးလိုင်းနည်းပညာမရှိတဲ့အပြင် အသင်းရဲ့ တောင်ပံကစားသမား လာမိုင်းယာမယ်ရဲ့ သွင်းဂိုးကို VAR က မှန်မှန်ကန်ကန်ဆုံးဖြတ်ချက် မချခဲ့ဘူးလို့ ယူဆနေတာဖြစ်ပါတယ်။

လာပေါ်တာက "မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ရလဒ်ကို ပြောင်းပြန်ဖြစ်စေနိုင်တဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေ ရှိခဲ့ပါတယ်။ လာမိုင်းယာမယ်ရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ပြန်ပြင်ဖို့ နည်းပညာပိုင်းဆိုင်ရာ ဒိုင်လူကြီးများကော်မတီနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ထံကို ချက်ချင်းပဲ တောင်းဆိုမှုတွေပြုလုပ်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့ မှတ်တမ်းတင်ထားတဲ့ရုပ်သံတွေအားလုံးကိုလည်း ပေးပို့သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပွဲစဉ်ကို ပြန်လည်ကစားဖို့ တောင်းဆိုရာမှာလည်း လာပေါ်တာက "ဒါကို ဂိုးအဖြတ် တရားဝင်သတ်မှတ်ခဲ့မယ်ဆိုရင်တော့ VAR အမှားအယွင်းကြောင့် ပြိုင်ပွဲကို ပြန်လည်ကစားဖို့ တောင်းဆိုသွားမှာ မဟုတ်ပါဘူး။ နောက်ဆုံးအနေနဲ့ ပြောချင်တာကဝောာ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ သဘောမတူကြောင်းနဲ့ ပြန်လည်ပြင်ဆင်မှု မလုပ်ဘူးဆိုရင်တော့ ပွဲကိုပြန်လည်ကစားဖို့ တောင်းဆိုသွားပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယာမယ်သွင်းယူခဲ့သော ဂိုးကိုသာ ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာဟာ ပထမပိုင်းအတွင်း ၁-၂ နဲ့ ဦးဆောင်ထားနိုင်မှာဖြစ်ပြီး ပွဲပြီးရလဒ်ကိုလည်း တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်ပေါ်နိုင်တာဖြစ်ပါတယ်။ လာမယ့်ပွဲစဉ်မှာတော့ ဘာစီလိုနာဟာ လာလီဂါပွဲစဉ်အဖြစ် ဗလန်စီယာနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #လာပေါ်တာ