ရှေ့သို့
Image

ကိုဗင်ထရီနဲ့ပွဲကို မက်ဂွါရီက ဒဏ်ရာကြီးနဲ့ ကစားခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ ကက်စ်မဲရိုး

1:25 PM, 24 April

ဝင်ဘာလေမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဦးဆောင်းဂိုး ၃ ဂိုး ရှိပြီးမှ ချေပဂိုး ၃ ဂိုးအထိ ပေးလိုက်ရသော်လည်း ပင်နယ်တီ အဆုံအဖြတ်တွင် အနိုင်ရရှိခဲ့တာကြောင့် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

ပြိုင်ဘက်အသင်းအား အပြည့်အဝထိန်းချုပ်နိုင်ဖို့ ယူနိုက်တက်အတွက် တွန်မီနေး ဘရူနိုဖာနန်ဒက်စ် နှင့် မက်ဂွါရီတို့က ဂိုးများသွင်းပေးခဲ့သော်လည်း ကိုဗင်ထရီက comeback ပြန်လုပ်နိုင်ခဲ့ပါတယ်။ ကိုဗင်ထရီဟာ အချိန်ပို နောက်ဆုံး မိနစ်တွင် အနိုင်ဂိုးသွင်းကာ အောင်ပွဲခံနေသော်လည်း VAR စစ်ဆေးပြီးနောက်တွင် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် ပင်နယ်တီ ကန်ခဲ့ရတာဖြစ်ပါတယ်။

ကက်စ်မဲရိုးရဲ့ ပထမဆုံး ပင်နယ်တီကန်ချက် ဂိုးမဝင်ခဲ့သော်လည်း ဘန်ရှက်ဖ်ရဲ့ ပင်နယ်တီ မလွဲချော်မီ အိုဟားရားရဲ့ ကန်ချက်ကို အိုနာနာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဆုံးအဖြတ် ကန်ချက်ကို ဟွိုက်လန်းက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဖိုင်နယ်တက်ခဲ့ရတာ ဖြစ်ပါတယ်။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အတွက် အရန်လူစာရင်းမှာ တန်ဟက်က လူငယ်ကစားသမားတွေကို ထည့်သွင်းခဲ့သော်လည်း သူတို့တွေက ပွဲထွက်ခဲ့ရခြင်း မရှိပါဘူး။ နောက်တန်းကစားသမားတွေ ဒဏ်ရာရရှိနေတာကြောင့် ကက်စ်မဲရိုးဟာ ကွင်းလယ်ကနေ နောက်တန်းသို့ ဆင်းကစားခဲ့ရပြီး အသင်းမှာ ဒဏ်ရာရရှိမှုက ပိုများလာကာ ဝင်ဘာလေတွင် မက်ဂွါရီက ဒဏ်ရာ ရရှိလျက်နှင့် ကစားခဲ့ကြောင်း ဘရာဇီးသားက ပြောကြားလိုက်ပါတယ်။ "ဒီနေ့ ကျွန်တော် နောက်ခံလူအဖြစ် ကစားခဲ့ပါတယ်။ ကျွန်တော်တို့အသင်းမှာ ခံစစ်ကစားသမား ၆ ယောက်ရှိပါတယ်။ မက်ဂွါရီကလည်း ဒဏ်ရာရခဲ့ပါတယ်" "ဒီပွဲမှာ သူက ဒဏ်ရာ ရရှိလျက်နှင့် ကစားခဲ့ပါတယ်။ ပွဲအစကတည်းက ဒဏ်ရာ ရရှိခဲ့တာပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်" "ကျွန်တော်က ဗဟိုနောက်ခံစစ်မှူးအဖြစ် ကစားခဲ့ပါတယ်။ မတူညီတဲ့ ကစားသမားတွေဆီက ဒဏ်ရာဘယ်လောက်ရလဲတော့ မသိပါဘူး။ ကစားသမားတွေ အများကြီးရှိတဲ့ အသင်းကြီး တစ်သင်းအတွက် အကြောင်းပြချက်က ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် နာကျင်မှုတွေနဲ့ အဆုံးသတ်သွားခဲ့တယ်"

"ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်အနေနဲ့ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ပါတယ်လို့ ကက်စ်မဲရိုးက ဝန်ခံခဲ့ပါတယ်။ "ရှင်းပြရတော့ ခက်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့အသင်းက ဒီလိုမျိုးတွေဖြစ်ခဲ့ပါတယ်" လို့ ဘရာဇီးသားက ထပ်လောင်းပြောကြားခဲ့ပါတယ်။ "မိနစ် ၇၀ ၊ ၇၅ လောက်အထိ ပွဲကိုတည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ထိန်းမရအောင် ဖြစ်သွားခဲ့ပါတယ်။ အမြဲတမ်း ဒီလိုပဲလို့ ထင်မိပါတယ်။ ဒါဟာ ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦးလောက်ကြောင့် မဟုတ်ပါဘူး။ အသင်းအတွက် ထိတ်လန့်စရာပါ။ ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ပါဘူး" လို့ ကက်စ်မဲရိုးက TNT Sports သို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #ကက်စ်မဲရိုး #အက်ဖ်အေဖလား