ရှေ့သို့
Image

ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲကျန်မှ ဘရိုက်တန် - မန်စီးတီး ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၃၀)

1:33 PM, 25 April

ဘရိုက်တန် ဒဏ်ရာရလူစာရင်း - မီတိုမာ၊ ဆော်လီမာ့ချ်၊ ဟင်ရှယ်၀ုဒ်၊ မီလ်နာ၊ ဂီလ်မော၊ ဖာဂူဆန်၊ ဝက်ဘ်စတာ၊ လမ်တေ၊ အန်စီဆို၊ အက်စ်တူပီနန်(သေချာပေါက်လွဲ)
မန်စီးတီး ဒဏ်ရာရလူစာရင်း - ဟာလန်း(သေချာပေါက်လွဲ)၊ ဂျွန်စတုန်း၊ ဖိုဒန်(မသေချာ)

ဘရိုက်တန်အသင်းဟာ ဒီနှစ်ရာသီ အိမ်ကွင်းမှာ ၃ပွဲသာ ရှုံးထားပေမယ့် ဒဏ်ရာပြဿနာများနေကာ ရလဒ်တွေဆိုးရွားနေပါတယ်။ မန်စီးတီးက အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလားရဖို့ ဒီပွဲကို မဖြစ်မနေ အနိုင်ရရန် လိုအပ်နေပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ ဘရိုက်တန်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး၃ပွဲအတွင်း ၁ပွဲသာ နိုင်ထားပါတယ်။

ဘရိုက်တန်အိမ်ကွင်းကောင်းတာမှန်ပေမယ့် ပရီးမီးယားလိဂ်ဖလားအတွက် လုံး၀အမှားခံမှာမဟုတ်တဲ့ မန်စီးတီးပဲ အောင်ပွဲခံသွားဖို့များပါတယ်။


ဘရိုက်တန် - မန်စီးတီး ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-----------------------------------------------------------------
မန်စီးတီး ၂ - ၁ ဘရိုက်တန် (၂၁-အောက်တိုဘာ-၂၀၂၃)
ဘရိုက်တန် ၁ - ၁ မန်စီးတီး (၂၅-မေ-၂၀၂၃)
မန်စီးတီး ၃ - ၁ ဘရိုက်တန် (၂၂-အောက်တိုဘာ-၂၀၂၂)
မန်စီးတီး ၃ - ၀ ဘရိုက်တန် (၂၁-ဧပြီ-၂၀၂၂)
ဘရိုက်တန် ၁ - ၄ မန်စီးတီး (၂၃-အောက်တိုဘာ-၂၀၂၁)
.
ဘရိုက်တန် နောက်ဆုံး (၅) ပွဲရလဒ်
------------------------------------
ဘန်လေ ၁ - ၁ ဘရိုက်တန် (၁၃-ဧပြီ-၂၀၂၄)
ဘရိုက်တန် ၀ - ၃ အာဆင်နယ် (၆-ဧပြီ-၂၀၂၄)
ဘရန့်ဖို့ဒ် ၀ - ၀ ဘရိုက်တန် (၄-ဧပြီ-၂၀၂၄)
လီဗာပူး ၂ - ၁ ဘရိုက်တန် (၃၁-မတ်-၂၀၂၄)
ဘရိုက်တန် ၁ - ၀ ရိုးမား (၁၅-မတ်-၂၀၂၄)
.
မန်စီးတီး နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------
မန်စီးတီး ၁ - ၀ ချဲလ်ဆီး (၂၀-ဧပြီ-၂၀၂၄)
မန်စီးတီး ၁ - ၁ ရီးရဲလ်မက်ဒရစ် (၁၈-ဧပြီ-၂၀၂၄)
မန်စီးတီး ၅ - ၁ လူတန်တောင်း (၁၃-ဧပြီ-၂၀၂၄)
ရီးရဲလ်မက်ဒရစ် ၃ - ၃ မန်စီးတီး (၁၀-ဧပြီ-၂၀၂၄)
ပဲလေ့စ် ၂ - ၄ မန်စီးတီး (၆-ဧပြီ-၂၀၂၄)

#မန်စီးတီး #ပွဲကြိုသုံးသပ်ချက် #ဘရိုက်တန် #ပရီးမီးယားလိဂ်