ရှေ့သို့
Image

ပေါင်ခြံဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် အန်ဇိုဖာနန်ဒက်ဇ်

2:47 PM, 25 April

ချဲလ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ ကိုပါအမေရိကဖလားအမီ ပေါင်ခြံဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်မှာဖြစ်တဲ့အတွက် အသင်းရဲ့ရာသီကုန်ပွဲစဉ်တွေကို လွဲချော်တော့မယ်လို့ သိရပါတယ်။

အာဂျင်တီးနားသတင်းဌာန Oleရဲ့ ဖော်ပြချက်အရ အန်ဇိုဟာ ပေါင်ခြံမှာ နာကျင်မှုခံစားနေရတာ တစ်လကျော်ကြာနေပြီလို့ သိရပါတယ်။ ကမ္ဘာ့ဖလားပိုင်ရှင်ဟာ မကြာခင်မှာ ခွဲစိတ်ကုသမှုပြုလုပ်မှာ ဖြစ်ပြီး ၃ပတ်လောက်အကြာမှာ ပြန်ကစားနိုင်မှာဖြစ်လို့ ကိုပါအမေရိကဖလားအမီ ပြန်ကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။

ချဲလ်ဆီးဆေးအဖွဲ့ကတော့ အန်ဇိုရဲ့ဒဏ်ရာဟာ ခွဲစိတ်ဖို့မလိုဘူးလို့ ကနဦး မှတ်ချက်ပေးခဲ့ပေမယ့် အာဂျင်တီးနားဆရာဝန်တွေနဲ့ ဆွေးနွေးပြီးနောက် ကစားသမားဟာ ခွဲစိတ်ကုသမှုလုပ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာလည်း အက်ဖ်အေဖလားက ထွက်ခဲ့ရပြီးနောက် ယှဉ်ပြိုင်စရာ မျှော်လင့်ချက်မရှိတော့တာကြောင့် ၂၃နှစ်သားကို ခွဲစိတ်ကုသမှုခံယူစေတာက အကြံကောင်းဖြစ်တယ်လို့ အားလုံးက သဘောတူခဲ့ကြပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ဟာ အဲဗာတန်ကို ၆ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် မန်စီးတီး၊ အာဆင်နယ်တို့နဲ့ပွဲစဉ်တွေမှာ ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။ အာဂျင်တီးနားကွင်းလယ်လူဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက ပေါင်၁၀၇သန်းနဲ့ ရောက်လာပြီးနောက် ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၃ဂိုးသွင်းကာ ၄ဂိုးဖန်တီးထားခဲ့ပါတယ်။

#ချဲလ်ဆီး #ဖာနန်ဒက်စ် #ပရီးမီးယားလိဂ်