ရှေ့သို့
Image

ဘာစီလိုနာမှာ ဆက်နေတာက ပရိသတ်တွေရဲ့ထောက်ခံမှုက အဓိကကျခဲ့ကြောင်း ဇာဗီပြောကြား

8:53 AM, 26 April

ဘာစီလိုနာနည်းပြ ဇာဗီက အသင်းမှာ ဆက်နေဖြစ်တာဟာ ပရိသတ်တွေရဲ့ထောက်ခံမှုက အဓိကကျခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

ဇာဗီဟာ ယခင်တုန်းက ရာသီအကုန်မှာ ဘာစီလိုနာကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအပတ် လာပေါ်တာအပါအဝင် ဘုတ်အဖွဲ့နဲ့တွေ့ဆုံခဲ့ပြီးနောက် ဆုံးဖြတ်ချက်ပြန်လည်ပြောင်းလဲခဲ့ပြီး ဘာစီလိုနာမှာ ဆက်နေတာ့မှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ပီအက်စ်ဂျီကိုအရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီဖြစ်သလို အယ်လ်ကလက်ဆီကိုမှာလည်း ရီးရဲလ်ကိုအရေးနိမ့်ခဲ့တာကြောင့် ၁၁ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။ “အဲ့တာက ရိုးရှင်းတဲ့ ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ ဇန်နဝါရီတုန်းက ကျွန်တော် ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ အဲ့တာက အသင်းအတွက် အကောင်းဆုံးဖြစ်တာမလိ့ုပါ။ ကျွန်တော် မျှော်လင့်ချက်အပြည့်ထားခဲ့တာပါ။ ၃ လအတွင်းမှာ ပြောင်းလဲနိုင်ခဲ့သလို ကစားသမားတွေကလည်း ယုံကြည်ကြပါတယ်။ အဲ့တာက ကျွန်တော့်အတ္တကြောင့်မဟုတ်သလို ငွေကြောင့်လည်းမဟုတ်ပါဘူ။ ကျွန်တော့်မှာ စွမ်းအင်ရှိပါတယ်။ ပရိသတ်တွေကို မြင်ရတာပျော်သလို ဂုဏ်လည်းယူပါတယ်။ ကျွန်တော်တို့ ပြောမပြနိုင်တဲ့ အကြောင်းပြချက်တွေရှိပါတယ်။ ပရိသတ်တွေကြောင့် ကျွန်တော် ဆုံးဖြတ်ချက်ပြန်လည်ပြောင်းလဲခဲ့တာပါ။ အသင်းက အများကြီးတိုးတက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကျွန်တော်တို့ မြူးနစ်ကိုသွားခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ ဥရောပအသင်းကြီးဖြစ်လာနေပါပြီ။ ချန်ပီယံလိဂ်မှာလည်း ဒီနှစ်က အမှားအသေးလေးတွေကြောင့် ထွက်ခွာခဲ့ရတာပါ။ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်လည်ကြိုးစားဦးမှာပါ။ အဲ့တာက ကျွန်တော်တို့ လက်ထဲမှာပါ။ ဘာစီလိုနာမှာ နည်းပြလုပ်ရတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီပရောဂျက်ကိုဦးဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဇာဗီက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာကလည်း ဇာဗီတစ်ယောက်အသင်းမှာ ဆက်ရှိနေတယ်တဲ့အတွက် ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ “ဇာဗီဆက်နေတဲ့ သတင်းက သတင်းကောင်းပါ။ အသင်းမှာ လူငယ်ခြေတက်တွေရှိနေပါတယ်။ တည်ငြိမ်ဖို့ပဲ လိုအပ်တာပါ။ ဇာဗီက အသင်းကိုဦးဆောင်နိုင်မယ့်သူလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”လို့ လာပေါ်တာက ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #လာပေါ်တာ