ရှေ့သို့
Image

ကစားသမားတစ်ဦးချင်းစီအတွက် ပေါင်သန်း ၆၀ တန်ကြေးသတ်မှတ်လိုက်တဲ့ ခရစ္စတယ်ပဲလေ့စ်

10:49 AM, 26 April

ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ အသင်းကြီးတွေစိတ်ဝင်စားနေတဲ့ အီဇီ၊ အိုလစ်ဆီတို့တစ်ဦးချင်းစီအတွက် ပေါင်သန်း ၆၀ တန်ကြေး သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ပဲလေ့စ်ဟာ ၁၂ ရာသီဆက်တန်းဆင်းဇုန်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်သလို ဘဏ္ဍာရေးပိုင်းဆိုင်ရာအရ ကစားသမားရောင်းချဖို့လည်း အလျင်မလိုတာဖြစ်ပါတယ်။ ဒါပေမယ့် အီဇီနဲ့ အိုလစ်ဆီတို့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အသင်းကြီးတွေက မျက်စိကျနေကြပါတယ်။

ပဲလေ့စ်ဘက်က သူတို့ကစားသမား တစ်ဦးချင်းစီအတွက် ပေါင်သန်း ၆၀ တန်ကြေး သတ်မှတ်ထားခဲ့ပြီး အဆိုပါပမာဏရမှသာ ဆွေးနွေးဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက မန်စီးတီးအသင်းက အီဇီကို စိတ်ဝင်စားခဲ့ပေမယ့် အဲ့အစား ဝုဗ်က နူနက်ဇ်ကိုသာ ခေါ်ယူခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ အိုလစ်ဆီကို ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေပါတယ်။ ကစားသမားတွေက ပဲလေ့စ်မှာ ပျော်ရွှင်နေပြီး အကျိုးအမြတ်ရှိမှသာ အသင်းပြောင်းဖွယ်ရှိနေပါတယ်။

ဘောလုံးအစီအစဉ်တင်ဆက်သူ မာဖီက အီဇီနဲ့ပတ်သက်ပြီး “သူ(အီဇီ)က ချန်ပီယံလိဂ်ကစားသမားပါ။ ပဲလေ့စ်ပရိသတ်တွေကိုတော့ ဆောရီးပါ။ သူလာမယ့်ရာသီ ဒီမှာဆက်ရှိနေမှာ မဟုတ်ပါဘူး။ သူ့မှာ မယုံကြည်နိုင်စရာကောင်းတဲ့အရည်အချင်းရှိနေပါတယ်။ ဘယ်အသင်းမှာမဆို သူကစားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာလုပ်နိုင်တဲ့အရည်အချင်းရှိလို့ပါ။ တကယ့်ကိုအံ့ဖွယ်ကစားသမားပါ”လို့ မာဖီက ပြောကြားခဲ့ပါတယ်။

အိုလစ်ဆီနဲ့ အီဇီတို့မှာ မတူညီတဲ့အရည်အချင်းတွေရှိနေကြပြီး ဒီရာသီမှာ ၁၃ ဂိုး နဲ့ ၁၄ ဂိုးစီသွင်းယူထားနိုင်ခဲ့ကြပါတယ်။ အခြားတစ်ဖက်မှာလည်း ပဲလေ့စ်စတား ဂူဟီကို ထိပ်တန်းအသင်းတွက ခေါ်ယူဖို့ ပစ်မှတ်ထားနေကြပါတယ်။

အသက် ၂၃ နှစ်သားဟာ ၂၀၂၁ တုန်းက ပဲလေ့စ်အသင်းဆီရောက်လာခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေဆက်တိုက်ပြသထားနိုင်ခဲ့ပါတယ်။

#ခရစ္စတယ်ပဲလေ့စ် #အီဇီ #ပရီးမီးယားလိဂ် #အိုလစ်ဆီ