ရှေ့သို့
Image

လာလီဂါပွဲစဉ် (၃၃) အယ်လ်မီရီယာ-ဂီတာဖေး ပွဲကြိုခန့်မှန်းချက် (ည ၈:၄၅)

9:41 AM, 27 April

အယ်လ်မီရီယာ-ဂီတာဖေး ဒဏ်ရာရပွဲပယ်
-------------
အယ်လ်မီရီယာ - မီလီရို၊ ရာမာဇာနီ(ပွဲပယ်ပြစ်ဒဏ်)၊ အက်စ်ထရာဒါ၊ လူးဝစ်ဇ်ဆွာရက်ဇ်(သေချာပေါက်လွဲ)၊ ရာဒါဗန်နိုဗစ်(မသေချာ)
ဂီတာဖေး - အရမ်ဘာယီ၊ ဆန်းချက်ဇ်၊ မာရိုရယ်လ်၊ ဒူအာတီ၊ ရီဗီမရာ(သေချာပေါက်လွဲ)၊ ကားလက်စ်အရီနာ(မသေချာ)

အမှတ်ပေးဇယားအောက်ဆုံးနေရာမှာ ရှိနေတဲ့ အယ်လ်မီရီယာအတွက် တန်းဆင်းဇုန်လွတ်မြောက်နိုင်ဖို့က ဖြစ်နိုင်ခြေနည်းပါးလွန်းနေပါပြီ။ အထူးသဖြင့် လတ်တလောခံစစ်ပိုင်းအပေါက်အပြဲကြောင့် အယ်လ်မီရီယာတို့ နောက်ဆုံးသုံးပွဲဆက် ပေးဂိုးတွေ ဆက်တိုက်ခွင့်ပြုပေးနေရပါတယ်။ ဂီတာဖေးကလည်း လာလီဂါအဝေးကွင်းနောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။ အထူးသဖြင့် အဝေးကွင်းမှာဆို သွင်းဂိုးရရှိဖို့ ရုန်းကန်ရလေ့ရှိပြီး လာလီဂါအဝေးကွင်းနောက်ဆုံးသုံးပွဲဆက်ဂိုးပေါက်ပျောက်ထားပါတယ်။ နှစ်သင်းလုံးရဲ့လတ်တလောဂိုးမိုးခေါင်နေမှုတွေကြောင့် ဂိုးအောက်ပွဲစဉ်တစ်ခု ဖြစ်သွားနိုင်ပါတယ်။
 
အယ်လ်မီရီယာ - ဂီတာဖေး ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
--------------------------------------------------------------
ဂီတာဖေး ၂ - ၁ အယ်လ်မီရီယာ (၂၆-နိုဝင်ဘာ-၂၀၂၃)
ဂီတာဖေး ၁ - ၂ အယ်လ်မီရီယာ (၂၇-ဧပြီ-၂၀၂၃)
အယ်လ်မီရီယာ ၁ - ၀ ဂီတာဖေး (၁၀-နိုဝင်ဘာ-၂၀၂၂)
ဂီတာဖေး ၄ - ၀ အယ်လ်မီရီယာ (၅-ဇွန်-၂၀၁၇)
အယ်လ်မီရီယာ ၀ - ၁ ဂီတာဖေး (၆-ဇန်နဝါရီ-၂၀၁၇)
.
အယ်လ်မီရီယာ နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
အယ်လ်မီရီယာ ၁ - ၂ ဗီလာရီးရဲလ် (၂၁-ဧပြီ-၂၀၂၄)
ဆိုစီဒက် ၂ - ၂ အယ်လ်မီရီယာ (၁၅-ဧပြီ-၂၀၂၄)
အယ်လ်မီရီယာ ၀ - ၃ အိုဆာဆူနာ (၃၀-မတ်-၂၀၂၄)
လက်စ်ပါးမား ၀ - ၁ အယ်လ်မီရီယာ (၁၇-မတ်-၂၀၂၄)
အယ်လ်မီရီယာ ၂ - ၂ ဆီဗီလာ (၁၂-မတ်-၂၀၂၄)
.
ဂီတာဖေး နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------
ဂီတာဖေး ၁ - ၁ ဆိုစီဒက် (၂၁-ဧပြီ-၂၀၂၄)
ဗယ်လီကာနို ၀ - ၀ ဂီတာဖေး (၁၃-ဧပြီ-၂၀၂၄)
ဂီတာဖေး ၀ - ၁ ဆီဗီလာ (၃၀-မတ်-၂၀၂၄)
ဂီတာဖေး ၁ - ၀ ဂျီရိုနာ (၁၇-မတ်-၂၀၂၄)
ဗလန်စီယာ ၁ - ၀ ဂီတာဖေး (၉-မတ်-၂၀၂၄)

#လာလီဂါ #ပွဲကြိုသုံးသပ်ချက် #ဂီတာဖေး #အယ်လ်မီရီယာ